SNA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဗန်းမောက်-ဟုမ္မလင်းလမ််းတွေပိတ်ထား

SNA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဗန်းမောက်-ဟုမ္မလင်းလမ််းတွေပိတ်ထား

ရှမ်းနီအမျိုးသားများ တပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဗန်းမောက်-ဟုမ္မလင်းလမ်းပိုင်းကို ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

SNA နဲ့ စစ်ကောင်စီတပ်တို့ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်း မှာ ဧပြီလ ၂၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းက ဗန်းမောက်အနောက်ခြမ်း ဟုမ္မလင်း တောင်ကျော်လမ်းပိုင်းကို ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေဆီကဆိုပါတယ်။

ဒီလမ်းပိုင်းကို SNA က ပိတ်ထားတာဖြစ်ပြီး ပိတ်ထားတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။

မန္တလေးမြို့မှ ဟုမ္မလင်းမြို့ကို သွားတဲ့လမ်းပိုင်းဖြစ်တဲ့  ကောလင်း – ပင်လည်ဘူး – ဖောင်းပြင်လမ်းပိုင်းက  ဒေသခံကာကွယ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လမ်းပိတ်ထားတာ လနှင့်ချီကြာမြင့်နေတာလည်းဖြစ်ပါတယ်။

ဒီလမ်းပိုင်း ပိတ်ထားတာကြောင့် မန္တလေး – ဗန်းမောက်မှ တဆင့် ဟုမ္မလင်းမြို့ကို   ကိုယ်ထူကိုယ်ထလမ်းးဖြစ်တဲ့ အနောက်ကုန်း – နန့်စက်တောင်ကျော်လမ်းကို အသုံးပြုသွားလာနေရတာလည်းဖြစ်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...