SNA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဗန်းမောက်-ဟုမ္မလင်းလမ််းတွေပိတ်ထား

SNA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားပြီးနောက်ဗန်းမောက်-ဟုမ္မလင်းလမ််းတွေပိတ်ထား

ရှမ်းနီအမျိုးသားများ တပ်မတော် SNA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် ဗန်းမောက်-ဟုမ္မလင်းလမ်းပိုင်းကို ပိတ်ထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

SNA နဲ့ စစ်ကောင်စီတပ်တို့ ဟုမ္မလင်းမြို့နယ် ဥရုချောင်းအတွင်း မှာ ဧပြီလ ၂၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။

ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းကတည်းက ဗန်းမောက်အနောက်ခြမ်း ဟုမ္မလင်း တောင်ကျော်လမ်းပိုင်းကို ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံတွေဆီကဆိုပါတယ်။

ဒီလမ်းပိုင်းကို SNA က ပိတ်ထားတာဖြစ်ပြီး ပိတ်ထားတဲ့အကြောင်းအရင်းကို မသိရသေးပါဘူး။

မန္တလေးမြို့မှ ဟုမ္မလင်းမြို့ကို သွားတဲ့လမ်းပိုင်းဖြစ်တဲ့  ကောလင်း – ပင်လည်ဘူး – ဖောင်းပြင်လမ်းပိုင်းက  ဒေသခံကာကွယ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လမ်းပိတ်ထားတာ လနှင့်ချီကြာမြင့်နေတာလည်းဖြစ်ပါတယ်။

ဒီလမ်းပိုင်း ပိတ်ထားတာကြောင့် မန္တလေး – ဗန်းမောက်မှ တဆင့် ဟုမ္မလင်းမြို့ကို   ကိုယ်ထူကိုယ်ထလမ်းးဖြစ်တဲ့ အနောက်ကုန်း – နန့်စက်တောင်ကျော်လမ်းကို အသုံးပြုသွားလာနေရတာလည်းဖြစ်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...