အမ်းမြို့နယ်မှ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးဖမ်းဆီးမိ

အမ်းမြို့နယ်မှ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးဖမ်းဆီးမိ
ဖမ်းဆီးမိသူများအားတွေ့ရစဉ်/ရခိုင်နေ့စဉ်
ဖမ်းဆီးမိသူများအားတွေ့ရစဉ်/ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးကို ဖမ်းမိသည်ဟု အမ်းမြို့မစခန်းမှူး ဦးမျိုးကြည်က နိရဉ္စရာသတင်းဌာနကိုပြောသည်။

၎င်းတို့အား အမ်းမြို့နယ်၊ အထက်မထိန်ကျေးရွာအနီး တောထဲတွင် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီ ဝန်းကျင်ခန့်က သတင်းအရ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

" သူတို့ကို အုပ်ချုပ်ရေးမှူးက  တောထဲမှာတွေ့တယ်ဆိုပြီး သတင်းလာပေးလို့ သွားဖမ်းတာ"ဟု ပြောသည်။

ဖမ်းဆီးရမိသောသူများမှာ စစ်တွေနှင့်ဘူးသီးတောင်ဘက်မှဖြစ်ပြီး အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်သူတို့ကို အမ်းမြို့နယ်လဝကရုံးတွင်ထိန်းသိမ်း စစ်ဆေးနေပြီး အမှုမဖွင့်ရသေးဟု အမ်းမြို့မ စခန်းမှူး ဦးမျိုးကြည်ကပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...