အမ်းမြို့နယ်မှ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးဖမ်းဆီးမိ

အမ်းမြို့နယ်မှ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးဖမ်းဆီးမိ
ဖမ်းဆီးမိသူများအားတွေ့ရစဉ်/ရခိုင်နေ့စဉ်
ဖမ်းဆီးမိသူများအားတွေ့ရစဉ်/ရခိုင်နေ့စဉ်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးကို ဖမ်းမိသည်ဟု အမ်းမြို့မစခန်းမှူး ဦးမျိုးကြည်က နိရဉ္စရာသတင်းဌာနကိုပြောသည်။

၎င်းတို့အား အမ်းမြို့နယ်၊ အထက်မထိန်ကျေးရွာအနီး တောထဲတွင် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီ ဝန်းကျင်ခန့်က သတင်းအရ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

" သူတို့ကို အုပ်ချုပ်ရေးမှူးက  တောထဲမှာတွေ့တယ်ဆိုပြီး သတင်းလာပေးလို့ သွားဖမ်းတာ"ဟု ပြောသည်။

ဖမ်းဆီးရမိသောသူများမှာ စစ်တွေနှင့်ဘူးသီးတောင်ဘက်မှဖြစ်ပြီး အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်းသိရသည်။

လက်ရှိတွင်သူတို့ကို အမ်းမြို့နယ်လဝကရုံးတွင်ထိန်းသိမ်း စစ်ဆေးနေပြီး အမှုမဖွင့်ရသေးဟု အမ်းမြို့မ စခန်းမှူး ဦးမျိုးကြည်ကပြောသည်။

July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...
July 20, 2026
ရခိုင်ပြည်၊ သံတွဲ၊ မအီနှင့် ပုဏ္ဏားကျွန်းမြို့များကို ဇူလိုင်လ ၁၉ ရက်နေ့ တစ်ရက်တည်းအတွင်း...