ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တောထဲတစ်ခုတွင် အထောက်အထားမဲ့ မူဆလင် ၁၅ ဦးကို ဖမ်းမိသည်ဟု အမ်းမြို့မစခန်းမှူး ဦးမျိုးကြည်က နိရဉ္စရာသတင်းဌာနကိုပြောသည်။
၎င်းတို့အား အမ်းမြို့နယ်၊ အထက်မထိန်ကျေးရွာအနီး တောထဲတွင် ဧပြီလ ၂၀ ရက်နေ့ နံနက် ၁ဝ နာရီ ဝန်းကျင်ခန့်က သတင်းအရ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
" သူတို့ကို အုပ်ချုပ်ရေးမှူးက တောထဲမှာတွေ့တယ်ဆိုပြီး သတင်းလာပေးလို့ သွားဖမ်းတာ"ဟု ပြောသည်။
ဖမ်းဆီးရမိသောသူများမှာ စစ်တွေနှင့်ဘူးသီးတောင်ဘက်မှဖြစ်ပြီး အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၂ ဦးဖြစ်ကြောင်းသိရသည်။
လက်ရှိတွင်သူတို့ကို အမ်းမြို့နယ်လဝကရုံးတွင်ထိန်းသိမ်း စစ်ဆေးနေပြီး အမှုမဖွင့်ရသေးဟု အမ်းမြို့မ စခန်းမှူး ဦးမျိုးကြည်ကပြောသည်။







