စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ

စစ်ကောင်စီ အခြေခံပညာရေးကျောင်းများ ဇွန်လမှာ ထပ်ဖွင့်ရန် ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီ၏ စီမံမှုဖြင့် ၂၀၂၁-၂၀၂၂ ခုနှစ် စာမေးပွဲဖြေဆိုခဲ့သော အခြေခံပညာရေး အောင်စာရင်းများကို ယခုအပတ် စတင်ကြေငြာတော့မည်ဖြစ်ပြီး မေလ ၂၆ ရက်နေ့မှ စတင်ကာ ကျောင်းသားအသစ် ပြန်လည်လက်ခံသွားတော့မည်ဟု သိရသည်။

KG မှ နဝမတန်းအထိ အောင်စာရင်းများကို ဧပြီ ၂၄ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာကျောင်းများတွင် ထုတ်ပြန်တော့မည်ဟု ပြည်နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အောင်စာရင်းကတော့ ခါတိုင်းလိုပုံမှန်ပဲ ကျောင်းမှာပဲကပ်မယ်။ ၂၄ရက်နေ့ မနက် ၈နာရီခွဲ ကိုးနာရီလောက်စကြေငြာမယ်။ တစ်ကျောင်းနဲ့ တစ်ကျောင်းတော့တူ မှာမဟုတ်ဘူး တချို့ကျောင်းတွေတော့ စောစောကပ်လိမ့်မယ်။ ရက်ကတော့ အာားလုံး ၂၄ ရက်နေ့ပဲ"ဟု ၎င်းကပြောသည်။

အလားတူ ယခုနှစ်စစ်ကောင်စီဖွင့်လှစ်မည့် အခြေခံပညာကျောင်းများအတွက် ကျောင်းသား/သူများ အမည်စာရင်းကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းအပ်နှံရေးကာလတွင်ကိုဗစ်ကပ်ရောဂါထိန်းချုပ်ကာကွယ်ရေး စည်းကမ်းသတ်မှတ်ချက်များအတိုင်း လုပ်ဆောင်သွားရန်လည်း အထက်ကညွန်ကြားလာကြောင်း သိရသည်။

စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်မည့် အခြေခံပညာရေးကျောင်းများနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့ ကျောင်းသားမိဘတစ်ဦးက ယခုကဲ့သို့ သုံးသပ် ပြောဆိုသည်။

"ကျောင်းအပ် လက်ခံတော့မယ်သိရတော့ ကျောင်းသားမိဘဖြစ်တဲ့အတွက် အမျိုးမျိုး စဥ်းစားရတာပေါ့။ မနှစ်ကလည်း ကျနော်ကလေးတွေ ကျောင်းတော့အပ်ပေးလိုက်တယ်။ ဒါပေမယ့် အခြေအနေက ဟိုလိုလို ဒီလိုလိုကျောင်းတွေက ပိတ်လိုက်ဖွင့်လိုက် ပြောရခက်သေးတယ်။ ကျောင်းမထားဖြစ်ဖို့များမယ် ထင်တယ် အများပိုင်းတော့"ဟု ကျောင်းသား မိဘတစ်ဦးက ပြောသည်။

စစ်ကောင်စီ ဖွင့်လှစ်ခဲ့သည် ၂၀၂၁-၂၂ ပညာသင်နှစ်တွင်  ကချင်ပြည်နယ်ရှိ အခြေခံပညာ စာသင်ကျောင်းများ၌ ကျောင်းသား ကျောင်းသူ စုစုပေါင်း တစ်သိန်းကျော်သာ တက်ရောက်ခဲ့ပြီး အထက်တန်းအဆင့် ၅၈၀၀၀ ကျော်ပါဝင်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက သင်ကြားနေသော အခြေခံပညာအထက်တန်းကျောင်းမှ အောင်မြင်လာသော မည်သူကိုမဆို ကချင်ဒေသ အဆင့်မြင့် တက္ကသိုလ်များတွင် အသိအမှတ်ပြု လက်ခံမည်မဟုတ်ကြောင်း စစ်ကောင်စီကို ဆန့်ကျင်သော ကချင်ပညာရေး တက္ကသိုလ်ကောင်စီအဖွဲ့က အသိပေး ထုတ်ပြန်ထားပါသည်။

Most read this week

January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...
January 22, 2026
အမိုး — စစ်ကိုင်းနဲ့ ကချင်အစပ်က တိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈...