စက်သုံးဆီတွေကို တန်းစီပြီးဝယ်ယူနေရပြီး တချို့ဆီဆိုင်တွေ ရောင်းချမှုပိတ်ထား

စက်သုံးဆီတွေကို တန်းစီပြီးဝယ်ယူနေရပြီး တချို့ဆီဆိုင်တွေ ရောင်းချမှုပိတ်ထား
မန္တလေးမြို့ Denko ဆီဆိုင်မှာ တန်းစီဝယ်ယူနေကြစဉ်
မန္တလေးမြို့ Denko ဆီဆိုင်မှာ တန်းစီဝယ်ယူနေကြစဉ်

ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်းက စပြီး ရန်ကုန် ၊ မန္တလေးမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဝယ်ယူသူများပြားနေတာကြောင့် တန်းစီပြီးဝယ်ယူနေရသလို တချို့ဆီဆိုင်တွေက အရောင်းပိတ်ထားလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ ဒီမှာ ကားတန်းကအရှည်ကြီးပဲ မန္တလေးတက္ကသိုလ်အနောက်ပေါက်ရောက်တော့မယ်။ ဆီလာဖြည့်တာ အကြာကြီးစောင့်နေရတယ်” လို့ မန္တလေးဒေသခံတစ်ဦးက ဒီနေ့နေ့လည်ပိုင်းမှာ ရှမ်းနီအသံကို ပြောပါတယ်။

စက်သုံးဆီသိုလှောင်မှုလျော့နည်းလာပြီး ပျက်လပ်နိုင်တဲ့ သတင်းပျံ့နှံ့မှုတွေကြောင့် အလုအယှက်ဝယ်ယူနေကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

စစ်ကောင်စီဘက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်ကတော့ စက်သုံးဆီလက်ကျန် သန်း တစ်ရာကျော်ရှိပြီး ကောလဟလသတင်းတွေကြောင့် အလုအယက်ဝယ်ယူနေကြတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနေ့ညနေပိုင်းမှာပဲ ဓာတ်ဆီဆိုင်ကြီးတချို့က အကန့်အသတ်မထားပဲ စက်သုံးဆီကို လိုသလောက်ရောင်းပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ပေမယ့် မြေပြင်မှာ အကန့်အသတ်နဲ့ဝယ်ယူနေရဆဲဖြစ်တယ်လို့ ဆီသွားရောက်ဝယ်ယူခဲ့သူတွေဆီကနေသိရပါတယ်။

ရန်ကုန် ၊ မန္တလေးမြို့တွေရဲ့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် အင်တာနက်လိုင်းဖြတ်ခံထားရတဲ့ ဒေသတချို့တွေမှာ ဆီစျေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာပြီး အကန့်အသတ်တွေနဲ့ ရောင်းချမှုတွေပြုလုပ်နေကြောင်း စုံစမ်းသိရှိရပါတယ်။

April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...
April 10, 2026
စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကနေ တိုင်းရင်းသားအခြေပြုပါတီများအနေနဲ့ တစ်နိုင်ငံလုံးရဲ့ (၁၅)...
မြစ်ကြီးနားမြို့ရှိ ဆီခြံမီးလောင်မှုကို ငြိမ်းသတ်နေကြစဉ်/ Credit
April 9, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊ရွှေစက်ရပ်ကွက်မှာ စက်သုံးဆီသိုလှောင်ထားတဲ့...