စက်သုံးဆီတွေကို တန်းစီပြီးဝယ်ယူနေရပြီး တချို့ဆီဆိုင်တွေ ရောင်းချမှုပိတ်ထား

စက်သုံးဆီတွေကို တန်းစီပြီးဝယ်ယူနေရပြီး တချို့ဆီဆိုင်တွေ ရောင်းချမှုပိတ်ထား
မန္တလေးမြို့ Denko ဆီဆိုင်မှာ တန်းစီဝယ်ယူနေကြစဉ်
မန္တလေးမြို့ Denko ဆီဆိုင်မှာ တန်းစီဝယ်ယူနေကြစဉ်

ဧပြီလ ၁၉ ရက်နေ့မနက်ပိုင်းက စပြီး ရန်ကုန် ၊ မန္တလေးမှာရှိတဲ့ စက်သုံးဆီဆိုင်တွေမှာ ဝယ်ယူသူများပြားနေတာကြောင့် တန်းစီပြီးဝယ်ယူနေရသလို တချို့ဆီဆိုင်တွေက အရောင်းပိတ်ထားလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

“ ဒီမှာ ကားတန်းကအရှည်ကြီးပဲ မန္တလေးတက္ကသိုလ်အနောက်ပေါက်ရောက်တော့မယ်။ ဆီလာဖြည့်တာ အကြာကြီးစောင့်နေရတယ်” လို့ မန္တလေးဒေသခံတစ်ဦးက ဒီနေ့နေ့လည်ပိုင်းမှာ ရှမ်းနီအသံကို ပြောပါတယ်။

စက်သုံးဆီသိုလှောင်မှုလျော့နည်းလာပြီး ပျက်လပ်နိုင်တဲ့ သတင်းပျံ့နှံ့မှုတွေကြောင့် အလုအယှက်ဝယ်ယူနေကြတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

စစ်ကောင်စီဘက် လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနဘက်ကတော့ စက်သုံးဆီလက်ကျန် သန်း တစ်ရာကျော်ရှိပြီး ကောလဟလသတင်းတွေကြောင့် အလုအယက်ဝယ်ယူနေကြတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနေ့ညနေပိုင်းမှာပဲ ဓာတ်ဆီဆိုင်ကြီးတချို့က အကန့်အသတ်မထားပဲ စက်သုံးဆီကို လိုသလောက်ရောင်းပေးမယ်လို့ ကြေညာချက်ထုတ်ပြန်ပေမယ့် မြေပြင်မှာ အကန့်အသတ်နဲ့ဝယ်ယူနေရဆဲဖြစ်တယ်လို့ ဆီသွားရောက်ဝယ်ယူခဲ့သူတွေဆီကနေသိရပါတယ်။

ရန်ကုန် ၊ မန္တလေးမြို့တွေရဲ့ စက်သုံးဆီနဲ့ ပတ်သက်တဲ့ သတင်းတွေကြောင့် အင်တာနက်လိုင်းဖြတ်ခံထားရတဲ့ ဒေသတချို့တွေမှာ ဆီစျေးနှုန်းတွေ ရုတ်တရက်မြင့်တက်လာပြီး အကန့်အသတ်တွေနဲ့ ရောင်းချမှုတွေပြုလုပ်နေကြောင်း စုံစမ်းသိရှိရပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...