ဖားကန့်တွင် စစ်တပ်ပိုင် Mytel အင်တာနက်လိုင်း ပြန်ပိတ်

ဖားကန့်တွင် စစ်တပ်ပိုင် Mytel အင်တာနက်လိုင်း ပြန်ပိတ်

ဖားကန့်မြို့နယ်တွင် စစ်တပ်ပိုင် Mytel မိုဘိုင်း အင်တာနက်လိုင်း ၁၀ ရက်ကျော်ခန့် ဖွင့်ခဲ့သော်လည်း ယခု ပြန်ပိတ်သွားပြီဟု ဖားကန့် ဒေသခံများ ပြောသည်။

ကျောက်စိမ်းထွက်ရှိရာ ဖားကန့် မြို့နယ်တစ်ခုတည်းကိုသာကွက်ပြီး လွန်ခဲ့သည့် ဩဂုတ်လတွင် စစ်ကောင်စီက မိုဘိုင်း ဖုန်းအင်တာနက်လိုင်းများကို စတင်ပိတ်ခဲ့ပြီးနောက် ၇ လကျော်ကြာ ယခုလဆန်း ဧပြီ ၅ ရက်နေ့တွင် စစ်တပ်ပိုင် Mytel လိုင်း တစ်ခုတည်းကို ဖွင့်ခဲ့သည်။

သို့သော်လည်း ယမန်နေ့ ဧပြီ ၁၈ ရက်နေ့နှမှစ၍ ပြန်လည် အသုံးပြု၍မရတော့ကြောင်း ဖားကန့်မြို့ အေးမြသာယာရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG သို့ ပြောသည်။

"မနေ့က နေ့လယ်လောက်ကနေ စပြတ်သွားတာ ဘာမှချိတ်လို့ မရတော့ဘူး။ VPN လည်း ချိတ်လို့မရတော့ဘူး 4G ကတော့ပြတယ် တက်တယ် အင်တာနက်မတက်တော့တာ စောင့်ကြည့်နေတုန်းပဲပြန်ရလာမလားပေါ့"ဟု ပြောသည်။

ယခင်က စစ်တပ်အထိုင်ချသော နေရာအနီးတွင် Mytel အင်တာနက်လိုင်းများ ရလေ့ရှိသော်လည်း ယခုလုံးဝ မရတော့ကြောင်း နောက်ထပ် ဖားကန့် ဒေသခံတစ်ဦးက ယခုလို ပြောသည်။

"အရင်က စစ်တပ်နဲ့ နီးတဲ့နေရာတွေမှာ တစ်ခါတစ်လေရတယ်။ အခုအဲ့ဒီမှာသွားပြီး သုံးကြည့်တာ အခုမရတော့ဘူး။ ဖားကန့်မှာ Camping လုပ်တာတွေ အောင်မြင်လို့ထင်တယ်။ အဲ့တာကိုကြောက်လို့ထင်တယ်။ အဲ့ဒါကြာင့် Facebook ကိုပြန်ထိန်းတာထင်တယ် သင်္ကြန်မှာဆိုလည်း မပါဝင်ကြဖို့ မပျော်ကြဖို့ Camping လုပ်တာအောင်မြင်တော့ ဖေ့စ်ဘုတ်ကို ပြန်ထိန်းချင်တာထင်တယ်"ဟု ပြောဆိုသည်။

ယခုကဲ့သို့ ဖုန်းအင်တာနက်လိုင်းများ ပိတ်ထားချိန်တွင် ဖားကန့်မြို့ပေါ်ရှိ IP Star တပ်ဆင် အင်တာနက်ဆိုင်များတွင် တစ်နာရီကျပ် ၅၀၀၀ ပေး၍ အသုံးပြု၍ရကြောင်းလည်း သိရသည်။

"IP Star ကတော့ရအုံးမယ် တချို့အရေးကြီးတဲ့လူတွေကတော့အဲ့မှာသွားပြီး သုံးနေကြတာရှိတယ် တစ်နာရီကို ငါးထောင်ပေးရတယ်"ဟုဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဖားကန့်တစ်မြို့နယ်လုံးကို ၂၀၂၁ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ကာ မိုင်ဘိုင်း အင်တာနက်လိုင်းများ ပိတ်ခဲ့သည်။ ထို့နောက် ၎င်း၏ Mytel တာဝါတိုင် ၅ ခု အထိ ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

May 1, 2026
ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ် အရှေဘက် အလန်ဂါးကျေးရွာအဝင်က...
April 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့...
April 29, 2026
ဖားကန့်မှာ စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင်(Mai) ဆေးရုံက ဆေးဆရာဝန်တစ်ချို့နဲ့ ဥရုဆွတ်အောင်တည်းခိုခန်းက...
April 28, 2026
ဂျာဘောက်ရာ — ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း...