ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲ တစ်သောင်းနီးပါးရှိလို့ NUG ဆို

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲ တစ်သောင်းနီးပါးရှိလို့ NUG ဆို

စစ်ကောင်စီတပ်ရဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ဆီခိုလှုံလာသူ တစ်သောင်းနီးပါးရှိနေပြီလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အစီရင်ခံစာမှာ အခုလိုထည့်သွင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

“ အခုအခါမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းနီးပါးရှိနေပြီဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် အပြင်မထွက်နိုင်ပဲ အတွင်းကနေ ချိတ်ဆက်တော်လှန်နေကြတဲ့ သူတွေလည်းများစွာရှိနေပြီး ၎င်းတို့ဆီကနေလည်း တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေရရှိနေပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ခိုလှုံလာသူတစ်သောင်းအပြင် အပြင်မထွက်လာနိုင်ပဲ တပ်တွင်းထဲကနေ သတင်းအချက်အလက်တွေ ပေးပို့ပေးနေသူတွေရှိတာကြောင့် တန်ဖိုးရှိတဲ့သတင်းအချက်အလက်များစွာရရှိနေတယ်လို့လည်းဆိုပါတယ်။

တစ်နှစ်ပြည့်အစီရင်ခံစာထဲမှာ တစ်နှစ်တာအတွင်း NUG က ပြုလုပ်ခဲ့တဲ့ စစ်ရေး ၊ နိုင်ငံခြားရေး ၊ စီးပွားရေး ၊လူမှုရေး နဲ့ နိုင်ငံရေး စတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...