ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲ တစ်သောင်းနီးပါးရှိလို့ NUG ဆို

ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ စစ်သားနဲ့ရဲ တစ်သောင်းနီးပါးရှိလို့ NUG ဆို

စစ်ကောင်စီတပ်ရဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ရင်ခွင်ဆီခိုလှုံလာသူ တစ်သောင်းနီးပါးရှိနေပြီလို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖွဲ့စည်းခြင်းတစ်နှစ်ပြည့်အစီရင်ခံစာမှာ အခုလိုထည့်သွင်းပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

“ အခုအခါမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ တစ်သောင်းနီးပါးရှိနေပြီဖြစ်သလို အကြောင်းအမျိုးမျိုးကြောင့် အပြင်မထွက်နိုင်ပဲ အတွင်းကနေ ချိတ်ဆက်တော်လှန်နေကြတဲ့ သူတွေလည်းများစွာရှိနေပြီး ၎င်းတို့ဆီကနေလည်း တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေရရှိနေပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ခိုလှုံလာသူတစ်သောင်းအပြင် အပြင်မထွက်လာနိုင်ပဲ တပ်တွင်းထဲကနေ သတင်းအချက်အလက်တွေ ပေးပို့ပေးနေသူတွေရှိတာကြောင့် တန်ဖိုးရှိတဲ့သတင်းအချက်အလက်များစွာရရှိနေတယ်လို့လည်းဆိုပါတယ်။

တစ်နှစ်ပြည့်အစီရင်ခံစာထဲမှာ တစ်နှစ်တာအတွင်း NUG က ပြုလုပ်ခဲ့တဲ့ စစ်ရေး ၊ နိုင်ငံခြားရေး ၊ စီးပွားရေး ၊လူမှုရေး နဲ့ နိုင်ငံရေး စတဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။

June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...
June 24, 2026
မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ်ကြီးနားမြို့ပေါ်ရှိ ရွှေပြည်သာရပ်ကွက်မှာ ...