၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့တွင် စစ်သုံ့ပန်း ၃ ဦးအား AA လွှဲပြောင်းပေး

၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့တွင် စစ်သုံ့ပန်း ၃ ဦးအား AA လွှဲပြောင်းပေး

၁၃ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့တွင် မြန်မာစစ်တပ်မှ စစ်သုံ့ပန်း ၃ ဦးအား AA က ယမန်နေ့တွင် လွှဲပြောင်းပေးခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

၄င်း စစ်သား ၃ ဦးအား ရက္ခိုင့်တပ်တော်(AA)၏ ၁၃ နှစ်မြောက်နေ့ဖြစ်သော ယမန်နေ့ ဧပြီလ ၁၀ ရက် နေ့လယ် ၂ နာရီခွဲခန့်က ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာ၌ ရပ်မိရပ်ဖများရှေ့တွင် စစ်တပ်တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင် ရွာသားတစ်ဦးက နိရ ဥ္စရာကိုပြောသည်။

“အဲဒီ ၃ ယောက်ကို ရွာက အမက စာသင်ကျောင်းထဲမှာပဲ သိမ်းထားတယ်။ စစ်ကားကို မနီးမဝေးမှာထားပြီး သုံးလေးယောက်ကတော့ ခြေလျင်လျှောက်ပြီးဆင်းလာတယ်။ သက်ဆိုင်ရာလူကြီးတွေက ထိပ်တိုက်တွေ့ကြစကားပြောကြတယ်” ဟု ပြောသည်။

သုံ့ပန်းလာရောက်လက်ခံချိန်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင် ၆ ဦးခန့်ရောက်ရှိလာပြီး ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင် ၃၀ ခန့်ရှိခဲ့ကြောင်း သိရသည်။

သုံ့ပန်း ၃ ဦး၏ အမည်၊ ရာထူး၊ တပ်ရင်းနှင့် မည်သည့်အချိန်က ဖမ်းဆီးခံခဲ့ရသည်ကို နိရ ဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။

AA က သူတို့ဖမ်းဆီးထားသည့် စစ်သုံ့ပန်းများအနက် သုံ့ပန်းဦးရေ ၄ဝ ခန့်ကို ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်အတွင်း AA က ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

၄င်းတို့ထဲတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက ရွှေနဒီ အမြန်ယာဉ်ပေါ်မှ ဖမ်းဆီးခံရသူ ၁၄ ဦးနှင့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လက ဖြစ်ပွားခဲ့သည့် ကျောက်တော်မီးဝတိုက်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသူများလည်း ပါဝင်ခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်တွင် သုံ့ပန်း ၁၅ ဦးကို  AA က လွှတ်ပေးခဲ့စဉ်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...