ရခိုင်ရှိ ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေး မြေပုံတွင် ဘောလုံးပြိုင်ပွဲ ကျင်းပ

ရခိုင်ရှိ ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေး မြေပုံတွင် ဘောလုံးပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ချင်းလူမျိုးများ စည်းလုံးညီညွှတ်ရေးအတွက် (၇)ကြိမ်မြောက် ချင်းဖလားအမျိုးသားဘောလုံးပြိုင်ပွဲကို မြေပုံမြို့နယ်၊ မောင်ရှင်ရွာတွင် ကျင်းပနေကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ပြီးခဲ့သည့် ဧပြီလ ၆ ရက်၊ ညနေ ၄ နာရီမှ ဧပြီ ၁၅ ရက်အထိ ကျင်းပနေခြင်းဖြစ်ပြီး မြေပုံနှင့် မင်းပြားမြို့နယ်တို့ရှိ ကျေးရွာပေါင်း ၂၀ မှ အသင်းပေါင်း ၃၃ သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုမျိုးအောင်က “ရခိုင်မှာရှိတဲ့ ချင်းလူမျိုးတွေစည်းလုံးညီညွှတ်ရေး၊ ရင်းနှီးမှုတွေရရှိအောင်အတွက်ပေါ့နော်။ အဲလိုမျိုးကြောင့် ကျင်းပဖြစ်ကြတာပါ” ဟုပြောသည်။

အဆိုပါဘောလုံးပြိုင်ပွဲသို့ မြေပုံနှင့် မင်းပြားမြို့နယ်တို့မှ စုမ်းတူချင်းများ အများအပြားလာရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည််။

အဆိုပါပြိုင်ပွဲတွင် ပထမဆုအဖြစ် ချင်းဖလားနှင့်အတူ ကျပ်ငွေ ၁ သိန်းခွဲ၊ ဒုတိယဆုအဖြစ် ကျပ်ငွေ ၁ သိန်းခွဲ၊ ဂိုးဖမ်းသမားအကောင်းဆုံးဆု၊ ကွင်းလယ်ကစားသမား အကောင်းဆုံးဆုနှင့်၊ ဂိုးသွင်းအများဆုံးဆုကိုလည်း အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါချင်းဖလားအမျိုးသားဘောလုံးပြိုင်ပွဲကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကပင် မင်းပြားမြို့နယ်၊ နတ်ကံပြင်ကျေးရွာတွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်များက ရခိုင်တွင် တိုက်ပွဲနှင့်ကိုဗစ်ကပ်ဘေးတို့ကြောင့် ပုံမှန်ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ရခိုင်တွင် ချင်းလူမျိုး လူဦးရေ ၁ သိန်းခန့်ရှိသည်ဟုလည်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...