ULA/AA ၏ အောက်ခြေဝန်ထမ်းအချို့ အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားနေမှု လုံးဝ လက်ခံ၍မရဟု ဦးခိုင်သုခက ပြော

ULA/AA ၏ အောက်ခြေဝန်ထမ်းအချို့ အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားနေမှု လုံးဝ လက်ခံ၍မရဟု ဦးခိုင်သုခက ပြော

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အောက်ခြေဝန်ထမ်းအချို့သည် အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားနေမှုကို လုံးဝလက်ခံ၍မရဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက အာဏာအလွဲသုံးစားလုပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း အနာဂတ်အတွက် ထူထောင်ရေးလုပ်နေချိန်တွင် လုံးဝလက်ခံလို့မရဘဲ ကာကွယ်တားဆီးသွားမည်ဟု ပြောသည်။

“အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအနာဂတ်အတွက် ထူထောင်ရေးလုပ်နေချိန်မှာ လုံးဝလက်ခံလို့မရတဲ့ ကင်ဆာရောဂါလိုသတ်မှတ်ပြီးတော့ ကာကွယ်တားဆီးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့က ပြုလုပ်သည့် ULA/AA ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။

ရခိုင်တွင် ULA/AA ၏အောက်ခြေဝန်ထမ်းများတချို့ အာဏာအလွဲသုံးစားလုပ်ကာ အနုုိင်ကျင့်မှု၊ တရားစီရင်ရေးပိုင်းတွင် အကျင့်ပျက်ခြစားကာ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြသည်ဟု သိရသည်။

ULA/AA ကလည်း ၄င်းတို့ကို စိစစ်ဖော်ထုတ်ကာ အပြစ်ပေးအရေးယူမှုများရှိနေသည်ဟု ဦးခိုင်သုခက ပြောသည်။

“အရေးယူမှုအပိုင်းမှာကတော့ စစ်တပ်ဘက်က လူတွေကိုတော့ စစ်ဥပဒေအရအရေးယူတာရှိသလို အုပ်ချုပ်ရေးပိုင်းကလူတွေကိုကျတော့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ချမှတ်ထားတဲ့စည်းမျဉ်း၊ စည်းကမ်းတွေအရ အရေးယူတာရှိပါတယ်”ဟု ပြောသည်။

အရေးယူခံထားရသည့်လူဦးရေအတိအကျကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပါ။

ရခိုင်တွင် ULA တရားရေးဌာနကိုုတိုင်ကြားလာသည့်အမှုစုစုပေါင်း ၂၀၂၁ ခုနှစ်တွင် ၃၈၃၈ မှုနှင့် ၂၀၂၂ ခုနှစ် ၃ လအတွင်းတွင် ၅၆၈၃ မှုရှိခဲ့သည်ဟု သိရသည်။

ဖြေရှင်းပြီးသည့်အမှုမှာ ၂၀၂၁ ခုနှစ်တွင် ၁၉၀၀ မှု၊ ၂၀၂၂ ခုနှစ် ၃ လအတွင်း ၁၀၂၆ မှုရှိခဲ့သည်ဟု ဦးခိုင်သုခ ပြောဆိုခဲ့သည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...