ULA/AA ၏ အောက်ခြေဝန်ထမ်းအချို့ အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားနေမှု လုံးဝ လက်ခံ၍မရဟု ဦးခိုင်သုခက ပြော

ULA/AA ၏ အောက်ခြေဝန်ထမ်းအချို့ အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားနေမှု လုံးဝ လက်ခံ၍မရဟု ဦးခိုင်သုခက ပြော

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ULA/AA ၏ အောက်ခြေဝန်ထမ်းအချို့သည် အာဏာအလွဲသုံးစားလုပ်ကာ အကျင့်ပျက်ခြစားနေမှုကို လုံးဝလက်ခံ၍မရဟု ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခက အာဏာအလွဲသုံးစားလုပ်မှုနှင့် အကျင့်ပျက်ခြစားမှုများကို တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း အနာဂတ်အတွက် ထူထောင်ရေးလုပ်နေချိန်တွင် လုံးဝလက်ခံလို့မရဘဲ ကာကွယ်တားဆီးသွားမည်ဟု ပြောသည်။

“အာဏာအလွဲသုံးစားမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ကျွန်တော်တို့ တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းအနာဂတ်အတွက် ထူထောင်ရေးလုပ်နေချိန်မှာ လုံးဝလက်ခံလို့မရတဲ့ ကင်ဆာရောဂါလိုသတ်မှတ်ပြီးတော့ ကာကွယ်တားဆီးရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ယနေ့ ဧပြီလ ၅ ရက်နေ့က ပြုလုပ်သည့် ULA/AA ၏ ဒုတိယအကြိမ်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခြင်းဖြစ်သည်။

ရခိုင်တွင် ULA/AA ၏အောက်ခြေဝန်ထမ်းများတချို့ အာဏာအလွဲသုံးစားလုပ်ကာ အနုုိင်ကျင့်မှု၊ တရားစီရင်ရေးပိုင်းတွင် အကျင့်ပျက်ခြစားကာ လာဘ်ပေးလာဘ်ယူမှုများရှိနေကြောင်း ဝေဖန်ပြောဆိုမှုများလည်း ရှိနေကြသည်ဟု သိရသည်။

ULA/AA ကလည်း ၄င်းတို့ကို စိစစ်ဖော်ထုတ်ကာ အပြစ်ပေးအရေးယူမှုများရှိနေသည်ဟု ဦးခိုင်သုခက ပြောသည်။

“အရေးယူမှုအပိုင်းမှာကတော့ စစ်တပ်ဘက်က လူတွေကိုတော့ စစ်ဥပဒေအရအရေးယူတာရှိသလို အုပ်ချုပ်ရေးပိုင်းကလူတွေကိုကျတော့ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ချမှတ်ထားတဲ့စည်းမျဉ်း၊ စည်းကမ်းတွေအရ အရေးယူတာရှိပါတယ်”ဟု ပြောသည်။

အရေးယူခံထားရသည့်လူဦးရေအတိအကျကိုမူ ထည့်သွင်းပြောဆိုသွားခြင်းမရှိခဲ့ပါ။

ရခိုင်တွင် ULA တရားရေးဌာနကိုုတိုင်ကြားလာသည့်အမှုစုစုပေါင်း ၂၀၂၁ ခုနှစ်တွင် ၃၈၃၈ မှုနှင့် ၂၀၂၂ ခုနှစ် ၃ လအတွင်းတွင် ၅၆၈၃ မှုရှိခဲ့သည်ဟု သိရသည်။

ဖြေရှင်းပြီးသည့်အမှုမှာ ၂၀၂၁ ခုနှစ်တွင် ၁၉၀၀ မှု၊ ၂၀၂၂ ခုနှစ် ၃ လအတွင်း ၁၀၂၆ မှုရှိခဲ့သည်ဟု ဦးခိုင်သုခ ပြောဆိုခဲ့သည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...