ရခိုင်တွင် လေယာဉ်လက်မှတ်စျေးနှုန်းများ ရက်ပိုင်းအတွင်း တဟုန်ထိုး မြင့်တက်

ရခိုင်တွင် လေယာဉ်လက်မှတ်စျေးနှုန်းများ ရက်ပိုင်းအတွင်း တဟုန်ထိုး မြင့်တက်

ရခိုင်ပြည်နယ်ရှိ လေကြောင်းခရီးစဉ်များ၏ လေယာဉ်လက်မှတ်စျေးနှုန်းများမှာ ရက်ပိုင်းအတွင်း တဟုန်းထိုး မြင့်တက်လာနေကြောင်း သိရသည်။

မတ်လအတွင်းက စစ်တွေမှ ရန်ကုန်သို့ လေယာဉ်လက်မှတ်စျေးမှာ လက်မှတ် ၁ စောင်လျှင် ကျပ် ၆၅,၀၀၀ မှ ၇၅,၀၀၀ အထိသာရှိခဲ့ရာမှ ယခုဧပြီလအစပိုင်းမှစတင်ကာ ကျပ် ၉၀,၀၀၀ မှ ၁၁၀,၀၀၀ ကျော်အထိ စျေးနှုန်းများမြင့်တက်နေသည်ဟု လေယာဉ်လက်မှတ်အရောင်းဆိုင်များက ပြောသည်။

သင်္ကြန်ကာလအတွင်း အချို့ လေယာဉ်လိုင်းများ မဆွဲတော့သောကြောင့် စျေးတက်ရခြင်းဖြစ်နိုင်သည်ဟု လေယာဉ်လက်မှတ်ရောင်းသူ မငြိမ်းငြိမ်းအေးက နိရဥ္စရာကိုပြောသည်။

"စျေးက ဒီရက်ပိုင်းအတွင်းတက်တာပါ။ သင်္ကြန်နဲ့ခရီးသည်တွေအသွားအလာများတော့။ အရင်ကလို လေကြောင်းလိုင်းတွေ အကုန်မထွက်တော့ ကျန်တဲ့လိုင်းတွေက စျေးတက်ကုန်တာ"ဟု ပြောသည်။

စစ်တွေရှိ Sun Moon လေယာဉ်လက်မှတ်အရောင်းဌာနပိုင်ရှင် ဒေါ်မိုးနှင်းငယ်ကလည်း မည်သည့်အတွက် ယခုကဲ့သို့ စျေးနှုန်းများ မြင့်တက်ခြင်းကို မသိကြောင်း ပြောသည်။

"စျေးက ဘာလို့တက်တာလဲတော့ မသိဘူး။ ဆီစျေးတွေကြောင့်လား။ စိတ်တွေလည်း ညစ်တယ်"ဟု ပြောသည်။

လက်မှတ်စျေးနှုန်းများမြင့်တက်နေသော်လည်း မကြာမီ သင်္ကြန်ကာလကျရောက်လာတော့မည်ဖြစ်၍ လေယာဉ်လက်မှတ်များမှာ ဧပြီလ ၁၈ ရက်နှင့် ၁၉ ရက်အထိ လက်မှတ်များကုန်လုနီးပါးဖြစ်နေပြီဟုလည်း အရောင်းဌာနများမှ သိရသည်။

ရခိုင်တွင် စစ်တွေ-ရန်ကုန်၊ စစ်တွေ-မန္တလေး၊ စစ်တွေ-နေပြည်တော်၊ စစ်တွေ-သံတွဲ၊ စစ်တွေ-ကျောက်ဖြူနှင့် စစ်တွေ-မာန်အောင်ခရီးစဉ်များသို့ လေကြောင်းလိုင်းများ ပြေးဆွဲလျက်ရှိသည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...