ကမ္ဘောဒီးယား ဒုဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင့်ရေးသပိတ် ဖားကန့်မြို့တွင် ပြုလုပ်

ကမ္ဘောဒီးယား ဒုဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင့်ရေးသပိတ် ဖားကန့်မြို့တွင် ပြုလုပ်

ကမ္ဘောဒီးယား ဒုဝန်ကြီးချူပ် Prak Sokhoon ၏ မြန်မာပြည်ခရီးစဉ်ကို  ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်ကို ဖားကန့် ပြည်သူ (၄၀၀) ခန့်ပါဝင်ပြီး ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြသည် ။

ဆန့်ကျင်ပြ ပြည်သူများက  KIA ၊ PDF နှင့် NUG ထောက်ခံကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး  KIA PDF တိုက်ပွဲတိုင်းမာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ အကြမ်းဖက်စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ ASEAN Stand For Democracy ,Not For Dictator ၊We Don’t Need You Prak Sokhoon,You Are Not Welcome To Myanmar ၊အင်တာနက်ဖြတ် တဲ့ မင်းအောင်လိုင်အဖွဲ့ အသေ ဆိုးနဲ့သေပါစေ ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦးတော် လှန်ရေး အရေး တော်ပုံ အောင်ကို အောင်ရမည် "  ဟု ကြွေးကြော် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်မှာ (၇)လ ကျော်ရှိပြီဖြစ်သော်လည်း ဖားကန့်ပြည်သူများ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများမှာ ယနေ့တိုင်အားကောင်းနေဆဲဖြစ်သည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...