ကမ္ဘောဒီးယား ဒုဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင့်ရေးသပိတ် ဖားကန့်မြို့တွင် ပြုလုပ်

ကမ္ဘောဒီးယား ဒုဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်ကို ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင့်ရေးသပိတ် ဖားကန့်မြို့တွင် ပြုလုပ်

ကမ္ဘောဒီးယား ဒုဝန်ကြီးချူပ် Prak Sokhoon ၏ မြန်မာပြည်ခရီးစဉ်ကို  ကန့်ကွက်ကြောင်းနှင့် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး သပိတ်ကို ဖားကန့် ပြည်သူ (၄၀၀) ခန့်ပါဝင်ပြီး ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ကြသည် ။

ဆန့်ကျင်ပြ ပြည်သူများက  KIA ၊ PDF နှင့် NUG ထောက်ခံကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြပြီး  KIA PDF တိုက်ပွဲတိုင်းမာ နိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ အကြမ်းဖက်စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ ASEAN Stand For Democracy ,Not For Dictator ၊We Don’t Need You Prak Sokhoon,You Are Not Welcome To Myanmar ၊အင်တာနက်ဖြတ် တဲ့ မင်းအောင်လိုင်အဖွဲ့ အသေ ဆိုးနဲ့သေပါစေ ၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒို့အရေး ၊ နွေဦးတော် လှန်ရေး အရေး တော်ပုံ အောင်ကို အောင်ရမည် "  ဟု ကြွေးကြော် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဖားကန့်မြို့ကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်မှာ (၇)လ ကျော်ရှိပြီဖြစ်သော်လည်း ဖားကန့်ပြည်သူများ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများမှာ ယနေ့တိုင်အားကောင်းနေဆဲဖြစ်သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...