ဟိုပင်မြို့နန့်ရင်းချောင်းတိုက်ပွဲအတွင်း PDF ငါးဦးကျဆုံး

ဟိုပင်မြို့နန့်ရင်းချောင်းတိုက်ပွဲအတွင်း PDF ငါးဦးကျဆုံး

ဟိုပင်မြို့မှာ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်းမှာ PDF. ငါးဦးကျဆုံးသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေရှိခဲ့ပါတယ်။

တိုက်ပွဲထဲမှာ ကျဆုံးတဲ့ မြန်မာ့မီးရထား တိုင်း(၁) ဒုရုံပိုင် ကိုသီဟကိုကိုလည်းပါဝင်ပြီး သူက မြန်မာ့မီးရထား CDM ပြုလုပ်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တယ်လို့ဆိုပါတယ်။

ကိုသီဟကိုကိုက  မိုးညှင်းမြို့နယ်  မော်ဟန်နှင့် မိုးညှင်းဘူတာအကြားရှိ ကာဒူဘူတာတွင် ဒုရုံပိုင်အဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပြီး  CDM ပြုလုပ်ကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့သို့ ဝင်ရောက်ကာ တာဝန်ထမ်းခဲ့သူလည်းဖြစ်ပါတယ်။

နောက်ထပ်ကျဆုံးသူတွေရဲ့ အမည်နဲ့ အလုပ်အကိုင်တွေကိုတော့ မသိရှိရသေးပါဘူး ။

ဟိုပင်မြို့တိုက်ပွဲပြီးတဲ့နောက်မှာ ဟိုပင်နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွေမှာ PDF တွေက မိုင်းထားပြီး တောင်ယာလုပ်ကိုင်သူတွေမလာဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်။

June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...