ဟိုပင်မြို့နန့်ရင်းချောင်းတိုက်ပွဲအတွင်း PDF ငါးဦးကျဆုံး

ဟိုပင်မြို့နန့်ရင်းချောင်းတိုက်ပွဲအတွင်း PDF ငါးဦးကျဆုံး

ဟိုပင်မြို့မှာ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းက နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်းမှာ PDF. ငါးဦးကျဆုံးသလို စစ်ကောင်စီဘက်ကလည်း အကျအဆုံးတွေရှိခဲ့ပါတယ်။

တိုက်ပွဲထဲမှာ ကျဆုံးတဲ့ မြန်မာ့မီးရထား တိုင်း(၁) ဒုရုံပိုင် ကိုသီဟကိုကိုလည်းပါဝင်ပြီး သူက မြန်မာ့မီးရထား CDM ပြုလုပ်ရာမှာ ပါဝင်ခဲ့သူလည်းဖြစ်တယ်လို့ဆိုပါတယ်။

ကိုသီဟကိုကိုက  မိုးညှင်းမြို့နယ်  မော်ဟန်နှင့် မိုးညှင်းဘူတာအကြားရှိ ကာဒူဘူတာတွင် ဒုရုံပိုင်အဖြစ် တာဝန်ထမ်းဆောင်သူဖြစ်ပြီး  CDM ပြုလုပ်ကာ ပြည်သူ့ကာကွယ်တပ်ဖွဲ့သို့ ဝင်ရောက်ကာ တာဝန်ထမ်းခဲ့သူလည်းဖြစ်ပါတယ်။

နောက်ထပ်ကျဆုံးသူတွေရဲ့ အမည်နဲ့ အလုပ်အကိုင်တွေကိုတော့ မသိရှိရသေးပါဘူး ။

ဟိုပင်မြို့တိုက်ပွဲပြီးတဲ့နောက်မှာ ဟိုပင်နန့်ရင်းချောင်းအရှေ့ဘက်ခြမ်းတွေမှာ PDF တွေက မိုင်းထားပြီး တောင်ယာလုပ်ကိုင်သူတွေမလာဖို့ သတိပေးစာထုတ်ပြန်ထားပါတယ်။

Most read this week

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...