ဒုရဲအုပ် ချယ်ရီထက်ဘက်က တင်သွင်းထားသည့် သက်သေအားလုံးကို ပယ်ဖျက်၊ နောက်ထပ်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် ကြားနာမည်

ဒုရဲအုပ် ချယ်ရီထက်ဘက်က တင်သွင်းထားသည့် သက်သေအားလုံးကို ပယ်ဖျက်၊ နောက်ထပ်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် ကြားနာမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော် ဒုရဲအုပ် ချယ်ရီထက်ဘက်က တင်သွင်းထားသည့် သက်သေအားလုံးကို ပယ်ဖျက်လိုက်ပြီး နောက်ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက်ပေးကြရမည်ဖြစ်ကြောင်း သိရသည်။

ဒုရဲအုပ် ချယ်ရီထက်က ခံပြသက်သေ ၁၁ဦးတင်ပြထားပြီး ရုံးချိန်း တစ်ချိန်းလျှင် သက်သေ နှစ်ဦးစီ စစ်ရန် တရားရုံးက ခေါ်ယူထားသည်။ သို့သော် ပြီးခဲ့သည့် ရုံးချိန်းအထိ သက်သေ ခြောက် ဦးအထိ ရုံးချိန်းတက်ရောက်ရန် ပျက်ကွက်ခဲ့သည်။

ဆက်လက်ခေါ်ယူစစ်ဆေးရန် သက်သေများကျန်ရှိသော်လည်း ဒုရဲအုပ်ချယ်ရီထက်က ခေါ်ယူလိုခြင်းမရှိတော့သည့်အတွက် သက်သေအားလုံးကို ပယ်လိုက်ခြင်းဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သူကပြောသည်။

ရုံးချိန်းကို နောက်တစ်ပတ် ကြာသပတေးနေ့ မတ်လ ၂၄ရက်နေ့သို့ ချိန်းဆိုထားပြီး အပြီးသတ်လျှောက်လဲချက်ပေးပြီးပါက အမိန့်ချမှတ်မည်ဖြစ်ကာ အမိန့်ချမည့်ရက်ကိုတော့ အတိအကျမသိရသေးကြောင်း ၎င်းကပြောသည်။

ယခု တရား ရင်ဆိုင်နေရသည့် ၅၀၅ (က) အမှုမှာ ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၂၀၂၁ ခုနှစ် မတ်လ ၆ ရက်၊ ၇ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရေးသားခဲ့သည့် အကြောင်းအရာများ၊ ဇွန်လတွင် NLD အမတ် ဒေါ်သီရိရတနာ နှင့် ဆက်သွယ်ခဲ့ခြင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ သတင်း ထုတ်ပြန်ချက်များကို ပေးပို့ခြင်း၊ ပြည်ပ သတင်းဌာနများ၏ သတင်း ရုပ်သံဖိုင်များ အပြန်အလှန် ပေးပို့ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့နှင့် ဆက်စပ်ပြီး စွပ်စွဲ ခံထားရသည့်အမှု ဖြစ်သည်။

ဒုရဲအုပ် ချယ်ရီထက်သည် ပြီးခဲ့သည့်စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ပြီး ရဲတရားရုံးက ချမှတ်ထားသည့် ရဲဝန်ထမ်းဆိုင်ရာ ဥပဒေနှင့်လည်း ထောင် သုံးနှစ် ချမှတ်ခံထားရသည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...