ရွှေပေါင်နှံသူများ၊ ရောင်းသူများလာ၍ ရွှေရောင်းချမှု ယခင်နှစ်ထက် ၅၀ ရာနှုန်း ကျဆင်း

ရွှေပေါင်နှံသူများ၊ ရောင်းသူများလာ၍ ရွှေရောင်းချမှု ယခင်နှစ်ထက် ၅၀ ရာနှုန်း ကျဆင်း

ရခိုင်ပြည်နယ်တွင် ကုန်စျေးနှုန်းများမြင့်တာလာခြင်းကြောင့် ၂ လအတွင်း ရွှေပေါင်နှံသူများနှင့် လာရောက်ရောင်းသူများလာ၍ ရွှေဆိုင်များတွင် ရွှေရောင်းချမှုသည် ယခင်နှစ်များကထက် ၅ဝ ရာနှုန်း ကျဆင်းသွားသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

စစ်တွေမြို့ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက “အရင်နှစ်တွေက ဒီလိုသင်္ကြန်နီးရင် တအားရောင်းရတယ်။ အခုဆိုရင် အရင်နှစ်တွေကလောက် မရောင်းရဘူး။ တစ်ဝက်နီးပါးကို ကျသွားတယ်။ ဒါတွေက စီးပွားရေးအကျပ်အတည်းကြောင့်ဖြစ်မယ်ထင်တယ်”ဟု နိရဥ္စရာကို ပြောသည်။

ယခုနှစ်အတွင်း ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်ခြင်း၊ စီးပွားရေးကျပ်တည်းလာခြင်းနှင့် ငွေကျပ်တန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် ရွှေဆိုင်များတွင် ရွှေပေါင်နှံသူများ များလာသလို ပေါင်နှံပြီးနောက် ပြန်မရွေးနိုင်သော အခြေအနေများသို့လည်း ရောက်ရှိနေသည်ဟု ပေါက်တောမြို့မှ ပွင့်လင်းရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်သန်းနုက ပြောသည်။

“ကုန်စျေးနှုန်းတွေ အရမ်းတက်တဲ့အခါကျတော့ လူတွေက စားဝတ်နေရေးအခက်ခဲဖြစ်ကြတယ်။ ဒါကြောင့် ရွှေတွေကို ဝယ်တာထက်စာရင် ပေါင်တာတွေများလာတယ်”ဟု ပြောသည်။

ယခုလအတွင်း တစ်နေ့လျှင် ကျပ်သိန်း ရဝဝ ခန့်အထိ ရွှေများလာရောက်ပေါင်နှံသူများနှင့် ရောင်းချသူများ ရှိလာသည်ဟုုလည်း အဆိုပါရွှေဆိုင်ပိုင်ရှင်များက ပြောသည်။

လက်ရှိတွင် ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ကာလပေါက်စျေး ကျပ် ၁,၉၈၀,၀၀၀ ခန့်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားကို ၁,၈၆၃,၅၀၀ အထိ အသီးသီးရှိနေကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...