ပြည်ပမှ မည်သည့်အကူအညီမျှ မရသေး၊ ပြည်သူလှူဒါန်းငွေ ဒေါ်လာသန်း ၃၀ ရရှိထားဟု NUG ကာကွယ်ရေး ဝန်ကြီးဆို

ပြည်ပမှ မည်သည့်အကူအညီမျှ မရသေး၊ ပြည်သူလှူဒါန်းငွေ ဒေါ်လာသန်း ၃၀ ရရှိထားဟု NUG ကာကွယ်ရေး ဝန်ကြီးဆို

ပြည်သူ့ ကာကွယ်ရေး တပ်မတော် PDF များကို ပြည်သူ လှူဒါန်းမှုများဖြင့် တည်ထောင် ထားခြင်း ဖြစ်ပြီး ပြည်ပမှ မည်သည့် အကူအညီမျှ မရသေးကြောင်း ပြည်သူလူထု လှူဒါန်းငွေ ဒေါ်လာ သန်း ၃၀ ရရှိထားကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။

"ပြည်တွင်း ပြည်ပ ကိုယ့်ပြည်သူတွေက ထောက်ပံ့ လှူဒါန်းတဲ့ ဘဏ္ဍာ ရန်ပုံငွေကိုသာ အရင်းတည် ပြီးတော့ပဲ ပြည်သူ့ ကာကွယ်ရေး တပ်မတော်ကို တည်ထောင် နေရတာ ဖြစ်တယ်။ ဘယ်ပြည်ပနိုင်ငံကမှ ရုပ်ဝတ္ထု ပစ္စည်း အကူအညီမျိုး ပေးအပ်တာ မရှိသေးပါဘူး" ဟု ဦးရည်မွန်က ဆိုသည်။

မတ်လ ၁၃ ရက်တွင် ကျရောက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့တွင် ထုတ်ပြန်သည့် “ပြည်သူ့ခုခံ တွန်းလှန်စစ် ခြောက်လပြည့် အစီရင်ခံစာ” တွင် NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် ကယင်းသို့ ထည့်သွင်း ပြောဆိုထားသည်။

PDF များ၏ အဓိက အားနည်းချက်မှာ လက်နက်ခဲယမ်း ဖြစ်ပြီး အနည်းဆုံး လိုအပ်ချက်ကို မကြာမီ ဖြည့်ဆည်းနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

"မဟာမိတ်များရဲ့ အကူအညီနဲ့ လက်နက်ခဲယမ်း မီးကျောက် ပမာဏ တစ်ခုကို လက်လှမ်းမီ ထားပြီ ဆိုတာ သတင်းကောင်းပါး လိုပါတယ်။ ဒီပမာဏက PDF ရဲဘော် အားလုံးကို လူတိုင်းစေ့ တပ်ဆင်ပေးနိုင်ရေး ဆိုတာနဲ့တော့ အများကြီး အလှမ်းဝေးပါ သေးတယ်" ဟု ၎င်းက ဆိုသည်။

ပြည်သူ လှူဒါန်းမှုမှ ယနေ့အထိ ဒေါ်လာသန်း ၃၀ ကျော် ရရှိခဲ့ပြီး ၈၅ ရာခိုင်နှုန်းကို လက်နက်ဝယ်ယူမှုနှင့် ထုတ်လုပ်မှု အတွက် သုံးစွဲခဲ့ကြောင်း၊ ၇ ရာခိုင်နှုန်းကို ခုခံတွန်းလှန်စစ် အတွက် မဟာမိတ်များနှင့် အခြား လိုအပ်သည့် အသုံးစရိတ်များ အတွက် မျှဝေ သုံးစွဲခဲ့သည်ဟု ဦးရည်မွန်က ပြောသည်။

" ရဲဘော်တွေ အဓိက လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းတွေကို ရရှိ တပ်ဆင်နိုင်ရေး အတွက် ပြည်သူများ၊ လုပ်ငန်းရှင်များ၊ ငွေကြေးဓန တတ်စွမ်းသူများ ဆထက်တံပိုး ကူညီ ထောက်ပံ့ ပေးကြဖို့ မေတ္တာရပ်ခံ လိုပါတယ်" ဟု ၎င်းကဆိုသည်။

ပြည်သူ့တွန်းလှန် ခုခံစစ် ခြောက်လတာ ကာလအတွင်း ကျေးလက် ဒေသ အများအပြားကို ထိန်းချုပ်နိုင်ခဲ့ပြီး ရန်သူ အင်အားကိုလည်း နေ့စဉ်နှင့်အမျှ ထိခိုက် ပြုန်းတီးရန် စွမ်းဆောင်နိုင်ခဲ့ကြောင်း ဝန်ကြီးကပြောသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် NUG အစိုးရက ပြည်သူ့ ခုခံတွန်းလှန်စစ်ဟု သတ်မှတ်ကာ အာဏာသိမ်း စစ်ကောင်စီကို စတင် တိုက်ခိုက်ခဲ့သည်။

April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...
ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...