မူးယစ်ရမ်းကားသူတို့က ဓားဖြင့်ခုတ်၍ ရွာတာဝန်ရှိသူ ၃ ဦး ဒဏ်ရာရ

မူးယစ်ရမ်းကားသူတို့က ဓားဖြင့်ခုတ်၍ ရွာတာဝန်ရှိသူ ၃ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတုပ်ရွာမ(မူဆလင်)ကျေးရွာတွင် အရက်သေစာသောက်စားမူးယစ်သူတို့က ဓားဖြင့်ခုတ်၍ ရွာတာဝန်ရှိသူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါကျေးရွာအတွင်း မတ်လ ၃ ရက် ည ၈ နာရီခန့်က အရက်သေစာသောက်စားမူးယစ်ကာ သောင်းကျန်းဆဲဆိုနေသည့် ရွာသား ၇ ဦးကို ရွာ၏ရာအိမ်မှူးဖြစ်သူ ဦးနော်ဂျုန်နှင့်အတူ ဦးကာလာနှင့် ဦးလှမောင်တို့က သွားရောက်ဟန့်တားရာမှ မူးယစ်ရမ်းကားနေသူတို့၏ ဓားဖြင့်ခုတ်ခြင်းကိုခံခဲ့ရသလို ရာအိမ်မှူးသည်လည်း လေးဂွဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ရာအိမ်မှူးဦးနော်ဂျုန်က “ပြင်ကသောက်လာကြပြီးတော့ ရွာကိုဝင်လာပြီး ရွာသားတွေကို ဆဲတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်သောက်တာ ဘာညာပေါ့။ အဲ့ဒါကို စေတနာနဲ့ သွားဟန့်ကြလို့ ၂ ဦးလုံးကို ခုတ်တယ်”ဟု နိရဥ္စရာကို ပြောသည်။

ဓားခုတ်ခံရသူများမှာ ရာအိမ်မှူး၏သမက် ဦးကာလာ (၄၅)နှစ်နှင့် အစ်ကိုဖြစ်သူဦးလှမောင် (၅၅)နှစ်တို့ဖြစ်သည်။

ဓားခုတ်ခံရမှုကြောင့် ဦးကာလာ၏ဦးခေါင်းတွင် ဓားဒဏ်ရာရရှိခဲ့ပြီး ပုခုံးရိုးကျိုးသွားခဲ့ကာ ဦးလှမောင်၏ ဦးခေါင်းနှင့် လည်ပင်း၌ ဓားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၄င်းတို့ ၂ ဦးကို မြောင်းဘွေတိုက်နယ်ဆေးရုံတွင် တင်ထားကြောင်း သိရသည်။

ရာအိမ်မှူးဦးနော်ဂျုန်သည်လည်း လေးဂွဖြင့်ပစ်ခတ်ခံရမှုကြောင့် နှာခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ပေါင်းတုပ်ရွာမတာဝန်ခံ ဦးချောင်ရှုက “အရင်ကတော့ ရွာမှာ ဒီလိုမျိုးဖြစ်တာ မရှိဘူး။ မြောင်းဘွေရဲစခန်းမှာတော့ ညက အခုတ်ခံရတဲ့လူတွေကို စစ်ဆေးတယ်လို့ သိရတယ်”ဟု ပြောသည်။

ပြစ်မှုကျူးလွန်ခဲ့သည့် ဦးဟိုဆောင်(၄၀) နှစ်နှင့် ဦးမော်ဆီဒူလာ (၄၈)နှစ်တို့အပါအဝင် ၇ ဦးတို့သည် လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်နေကြပြီး ၄င်းတို့ကို မြောင်းဘွေရဲစခန်းတွင် တိုင်ကြားထားသည်ဟု သိရသည်။

အဆိုပါကျေးရွာတွင် အိမ်ခြေ ၁၃ဝဝ ကျော်ရှိပြီး လူဦးရေ ၆ ထောင်ခန့်ရှိသည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...