မောင်တောခရိုင်နှင့် ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လစာ ၂ ဆ ဆက်လက်ခံစားခွင့်ပြု

မောင်တောခရိုင်နှင့် ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လစာ ၂ ဆ ဆက်လက်ခံစားခွင့်ပြု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အစိုးရဝန်ထမ်းများအား မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ခံစားခွင့်ပြုထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းဒေသများရှိ အစိုးရဝန်ထမ်းများကို လက်ရှိအခြေအနေအရ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လများအတွက် မူရင်းလစာ၏ ၂ ဆနှင့် မောင်တောမြို့နယ်အတွင်းမှ နေ့စားအလုပ်သမားများအား နေ့စားလုပ်ခ ၆,၅ဝဝ ကျပ်ကို ဆက်လက်ခံစားခွင့်ပြုကြောင်း သိရသည်။

မောင်တောမြို့နယ်မှ ထွေ/အုပ်စာရေးတစ်ဦးက မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် ကုန်စျေးနှုန်းမြင့်မားသည့်အတွက် ၂ ဆ ခံစားခွင့်ရှိမှသာ အဆင်ပြေကြောင်း နိရဥ္စရာကို ပြောသည်။

"မောင်တောမှာက အားလုံးအစစအရာရာစျေးကြီးတယ်။ ၂ ဆဆိုမှ တော်ကာကျတယ်။ ရတာနဲ့စားတာကွက်တိပဲ။ နေရတာကလည်း အန္တရာယ်များတယ်။ တာဝန်ကျနေရာတွေက ချောင်ကြိုချောင်ကြား သွားလာနေရတာကိုး။ တခြားနေရာဒေသတွေထက်လည်း စိုးရိမ်ရတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်တွင်ဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့် ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအထိလည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှစ၍ ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလများအထိ မူရင်းလစာ၏ ၂ ဆကို အထူးကိစ္စတစ်ရပ်အနေဖြင့် ၃ လ ၁ ကြိမ် အမိန့်ကြော်ငြာစာများထုတ်ပြန်ကာ ပြောင်းလဲပြင်ဆင်ခံစား ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...