မလေးရှားသို့သွားသည့် ရခိုင်မှအထောက်အထားမဲ့ မူဆလင် ၆၅ ဦး မြဝတီမြို့တွင် ဖမ်းဆီးအမှုဖွင့်ခံရ

မလေးရှားသို့သွားသည့် ရခိုင်မှအထောက်အထားမဲ့ မူဆလင် ၆၅ ဦး မြဝတီမြို့တွင် ဖမ်းဆီးအမှုဖွင့်ခံရ

မလေးရှားနိုင်ငံသို့သွားသည့် ရခိုင်မှ အထောက်အထားမဲ့မူဆလင် ၆၅ ဦးသည် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယမန်နေ့က ဖမ်းဆီးအမှုဖွင့်ခံလိုက်ရသည်ဟု သိရသည်။

၄င်းတို့သည် မြဝတီမြို့ရှိ ရပ်ကွက်(၂) ရှိနေအိမ်တစ်လုံးတွင်တည်းခိုနေစဉ် ယမန်နေ့ မတ်လ ၁ ရက်နေ့ညနေပိုင်းတွင် မြဝတီမြို့မှ ရဲနှင့် လဝကတို့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်သည်ဟု မြဝတီမြို့နယ် လဝကမှူး ဦးတင်စိုးအောင်က နိရဥ္စရာအား ပြောသည်။

“မလေးရှားက အမျိုးတွေဆီကိုသွားတယ်လို့ပြောတယ်။ ထိုင်းနိုင်ငံဘက်ကို ခိုးဝင်မယ်။ အဲဒီကတဆင့် ခိုးဝင်မယ်ပေါ့။ ရပ်ကွက်ကသိလို့ ဖမ်းတာပါ။ သူတို့ကိုပို့ပေးတဲ့လူကတဆင့် သွားကြတာလို့ပြောတယ်။ ဗမာလိုတောင် မတတ်လို့ ဘင်္ဂါလီစကားတတ်တဲ့လူနဲ့ ဘာသာပြန် မေးရတယ်” ဟုပြောသည်။

ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့မှဖြစ်သည်ဟု ဆက်ပြောသည်။

၄င်းတို့သည် မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံမှတဆင့် သွားရောက်ရန် ရခိုင်မှ မြဝတီသို့ ကားလမ်းဖြင့်အဆင့်အဆင့်သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ၆၅ ဦးတွင် ကလေးငယ် ၁ဝ ဦးအပါအဝင် အမျိုးသမီး ၃၈ ဦး၊ ၂၇ ဦးပါဝင်ကြောင်း မြဝတီမြို့ ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးက ပြောသည်။

၎င်းတို့အား လက်ရှိတွင် လဝက အက်ဥပဒေပုဒ်မ(၆၃)ဖြင့် အမှုဖွင့်ထားပြီး ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်ပို့ရန်စီစဉ်သွားမည်ဟု မြဝတီမြို့နယ် လဝကမှူးက ပြောသည်။

ရခိုင်ပြည်နယ်မှတဆင့် မလေးရှားနိုင်ငံနှင့် အခြားနိုင်ငံများသို့ သွားရောက်သည့် အထောက်အထားမဲ့မူဆလင်များသည် နှစ်စဉ်ရာနှင့်ချီ၍ ဖမ်းဆီးခံနေရသည်ဟု သိရသည်။

ရခိုင်ပြည်ပြင်ပတွင်ဖမ်းဆီးခံရသူများကို ပြစ်ဒဏ်ချမှတ်ပြီးပါက ရခိုင်သို့ ပြန်လည်ပို့ဆောင်ပေးကြကြောင်း သိရသည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...