ရခိုင်ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကိုသတိထားကြရန်နှင့် ကာကွယ်ဆေးမဖြစ်မနေထိုးကြရန် ULA တိုက်တွန်း

ရခိုင်ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကိုသတိထားကြရန်နှင့် ကာကွယ်ဆေးမဖြစ်မနေထိုးကြရန် ULA တိုက်တွန်း

ရခိုင်ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကိုသတိထားကြရန်နှင့် ကာကွယ်ဆေးမဖြစ်မနေထိုးကြရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က တိုက်တွန်းချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

အဆိုပါထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁ ရက်နေ့တွင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထိုထုတ်ပြန်ချက်တွင် ရက္ခိုင်ဒေသအတွင်းနေ ပြည်သူလူထုများအနေဖြင့် ကိုရိုနာကူးစက်ရောဂါဆိုင်ရာ မဖြစ်မနေ လိုက်နာရမည့် အခြေခံအကျဆုံးသော စည်းကမ်းများကို တိတိကျကျလိုက်နာကြရန်၊ လူစုလူဝေးဖြစ်ပေါ်စေသော အခြေအနေများကို မဖန်တီးကြရန်၊ ရောဂါပိုးကူးစက်ပျံ့နှံ့သည့်အခြေအနေများကို နေ့တိုင်းမပြတ်သတိပြု နားစွင့်ထားကြရန်၊ စည်းကမ်းပေါ့လျော့စွာဖြင့် သွားလာနေထိုင်ခြင်းမပြုလုပ်ကြရန်၊ COVID-19 ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးရသေးသောသူများအနေဖြင့် ကာကွယ်ဆေးအား မဖြစ်မနေထိုးနှံထားကြရန်၊ Booster Dose များကိုလည်း အခါအခွင့်သင့်က ထိုးထားကြရန် ULA က တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီလအတွင်း COVID-19 ရောဂါကူးစက်ခံရသူ ၅၂၁ ဦးရှိခဲ့သော်လည်း ပြည်သူများအနေဖြင့် ကိုရိုနာရောဂါဆိုင်ရာအသိတရားနှင့် အတွေ့အကြုံများရှိထားပြီး ဖြစ်ခြင်း၊ ထုတ်ပြန်ထားသောစည်းကမ်းများကို အတိုင်းအတာတစ်ခုအထိလိုက်နာမှုရှိခြင်းတို့ကြောင့် ရက္ခိုင်ပြည်တွင်းရောဂါကူးစက်ခံရမှု ထင်သလောက်မြင့်မားမှုမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် COVID-19 စတုတ္ထလှိုင်းအခြေအနေကို သတိထား စောင့်ကြည့်လျက်ရှိနေပြီး ရက္ခိုင်ဒေသအတွင်း ရောဂါပိုးကူးစက်ပျံ့နှံ့မှု အခြေအနေပေါ်မူတည်၍ ကာကွယ် တားဆီးခြင်းဆိုင်ရာ အသိပေးချက်များကို လိုအပ်သလို ထုတ်ပြန်သွားမည်ဟု ပြောဆိုထားသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...