ရခိုင်တွင် ပထမဆုံးအကြိမ် တိုင်းရင်းဆေးအခမဲ့လှူဒါန်းကုသပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပမည်

ရခိုင်တွင် ပထမဆုံးအကြိမ် တိုင်းရင်းဆေးအခမဲ့လှူဒါန်းကုသပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပမည်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေးအခမဲ့ဆေးလှူဒါန်းကုသပွဲနှင့် အသိပညာပေးဟောပြောပွဲတစ်ခုကျင်းပသွားမည်ဟု သိရသည်။

ယင်းပွဲကို ရခိုင်တိုင်းရင်းဆေးပညာရှင်များဦးစီးကာ စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတွင် မတ်လနောက်ဆုံးပတ်အတွင်းကျင်းပနိုင်ရန် လျာထားကြောင်း ဦးဆောင်နေသူများက ပြောသည်။

အဆိုပါပွဲကို ရခိုင်တိုင်းရင်းဆေးပညာပြန်လည်ရှင်သန်ရေးနှင့် အနယ်နယ်အရပ်ရပ်မှ ရခိုင်တိုင်းရင်းဆေးပညာရှင်ကြီးများ ပြန်လည်ဆုံစည်းနိုင်စေရေးတို့အတွက်ရည်ရွယ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်လုပ်ကိုင်နေသည့် ဒေါက်တာရန်နိုင်ဖြိုးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"ရခိုင်တိုင်းရင်းဆေးဆရာတွေက စုပေါင်းပြီး ရခိုင်ပြည်သူတွေကို ဘယ်နေရာကပဲ လာလာ အခမဲ့ဆေးကုသပေးမယ်။ ဆေးအခမဲ့ပေးမယ်။ ပွဲလုပ်ဖို့ကတော့ စီစဉ်ပြီးပြီ။ အထောက်အပံ့ အလှူရှင်တွေရှိရင် လူနာတွေလာတဲ့အခါမှာ အစားအသောက်လှူဒါန်းပေးတာဖြစ်ဖြစ်၊ ဆရာတွေကို ထောက်ပံ့တာဖြစ်ဖြစ်၊ ဆရာတွေကိုထောက်ပံ့မှလည်း ဆေးတွေက ပိုပြီးထိရောက်နိုင်မယ်"ဟု ပြောသည်။

အဆိုပါပွဲတွင် ရခိုင်တိုင်းရင်းဆေးဆရာကြီးများဖြစ်ကြသည့် ဦးစောလှအောင်(ကမ္ဘာကျော် နေလတိုင်းရင်းဆေးကုခန်း)၊ ဦးသန်းဝင်း (အရိုး/အကြော)၊ ဦးကံရှိန်၊ ဦးထွန်းဝင်း၊ ဒေါက်တာရန်နိုင်ဖြိုးနှင့် အခြား ရခိုင်တိုင်းရင်းဆေးဆရာများ ပါဝင်ကုသပေးမည်ဟုလည်း သိရသည်။

အရိုးအကြောအဓိကထားကုသနေသည့် ဆရာဦးသန်းဝင်းက "တိုင်းရင်းဆေးပညာတွေက မျိုးဆက်ပြတ်လာတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အနေနဲ့ လူမျိုးစုတစ်ခုရဲ့တိုင်းရင်းဆေးပညာတွေလည်း ပါပါတယ်။ ဒါတွေ မပျောက်ပျက်အောင် နောင်လာနောက်သားတွေအတွက်ထိန်းသိမ်းပြီး နည်းပညာဖြန့်ဖြူးချင်တာလည်း ပါပါတယ်ခင်ဗျ"ဟု ပြောသည်။

အဆိုပါပွဲသို့ ဖိတ်ကြားထားသည့်တိုင်းရင်းဆေးပညာရှင်များတွင် အစိုးရထံမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများအပြင် လက်မှတ်မရှိသည့်ဆေးပညာရှင်များလည်း ပါဝင်သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...