ရခိုင်တွင် ပထမဆုံးအကြိမ် တိုင်းရင်းဆေးအခမဲ့လှူဒါန်းကုသပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပမည်

ရခိုင်တွင် ပထမဆုံးအကြိမ် တိုင်းရင်းဆေးအခမဲ့လှူဒါန်းကုသပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပမည်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေးအခမဲ့ဆေးလှူဒါန်းကုသပွဲနှင့် အသိပညာပေးဟောပြောပွဲတစ်ခုကျင်းပသွားမည်ဟု သိရသည်။

ယင်းပွဲကို ရခိုင်တိုင်းရင်းဆေးပညာရှင်များဦးစီးကာ စစ်တွေမြို့ အာကျိတ်တော်ကုန်းရှိ မဟာမုနိဗုဒ္ဓဝိဟာရကျောင်းတွင် မတ်လနောက်ဆုံးပတ်အတွင်းကျင်းပနိုင်ရန် လျာထားကြောင်း ဦးဆောင်နေသူများက ပြောသည်။

အဆိုပါပွဲကို ရခိုင်တိုင်းရင်းဆေးပညာပြန်လည်ရှင်သန်ရေးနှင့် အနယ်နယ်အရပ်ရပ်မှ ရခိုင်တိုင်းရင်းဆေးပညာရှင်ကြီးများ ပြန်လည်ဆုံစည်းနိုင်စေရေးတို့အတွက်ရည်ရွယ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်လုပ်ကိုင်နေသည့် ဒေါက်တာရန်နိုင်ဖြိုးက နိရဥ္စရာသတင်းဌာနကို ပြောသည်။

"ရခိုင်တိုင်းရင်းဆေးဆရာတွေက စုပေါင်းပြီး ရခိုင်ပြည်သူတွေကို ဘယ်နေရာကပဲ လာလာ အခမဲ့ဆေးကုသပေးမယ်။ ဆေးအခမဲ့ပေးမယ်။ ပွဲလုပ်ဖို့ကတော့ စီစဉ်ပြီးပြီ။ အထောက်အပံ့ အလှူရှင်တွေရှိရင် လူနာတွေလာတဲ့အခါမှာ အစားအသောက်လှူဒါန်းပေးတာဖြစ်ဖြစ်၊ ဆရာတွေကို ထောက်ပံ့တာဖြစ်ဖြစ်၊ ဆရာတွေကိုထောက်ပံ့မှလည်း ဆေးတွေက ပိုပြီးထိရောက်နိုင်မယ်"ဟု ပြောသည်။

အဆိုပါပွဲတွင် ရခိုင်တိုင်းရင်းဆေးဆရာကြီးများဖြစ်ကြသည့် ဦးစောလှအောင်(ကမ္ဘာကျော် နေလတိုင်းရင်းဆေးကုခန်း)၊ ဦးသန်းဝင်း (အရိုး/အကြော)၊ ဦးကံရှိန်၊ ဦးထွန်းဝင်း၊ ဒေါက်တာရန်နိုင်ဖြိုးနှင့် အခြား ရခိုင်တိုင်းရင်းဆေးဆရာများ ပါဝင်ကုသပေးမည်ဟုလည်း သိရသည်။

အရိုးအကြောအဓိကထားကုသနေသည့် ဆရာဦးသန်းဝင်းက "တိုင်းရင်းဆေးပညာတွေက မျိုးဆက်ပြတ်လာတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အနေနဲ့ လူမျိုးစုတစ်ခုရဲ့တိုင်းရင်းဆေးပညာတွေလည်း ပါပါတယ်။ ဒါတွေ မပျောက်ပျက်အောင် နောင်လာနောက်သားတွေအတွက်ထိန်းသိမ်းပြီး နည်းပညာဖြန့်ဖြူးချင်တာလည်း ပါပါတယ်ခင်ဗျ"ဟု ပြောသည်။

အဆိုပါပွဲသို့ ဖိတ်ကြားထားသည့်တိုင်းရင်းဆေးပညာရှင်များတွင် အစိုးရထံမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများအပြင် လက်မှတ်မရှိသည့်ဆေးပညာရှင်များလည်း ပါဝင်သည်ဟု သိရသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...