ချောင်ဆုံမြို့နယ် NLD အမတ်ဟောင်းနေအိမ်များ ချိပ်ပိတ်ခံရ

ချောင်ဆုံမြို့နယ် NLD အမတ်ဟောင်းနေအိမ်များ ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်ဟောင်း နေအိမ်များ ချိပ်ပိတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာမှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်မိချိူသဲနှင့် အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလင်းတင်ဌေးတို့၏ နေအိမ်ကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ယင်း NLD  အမတ်ဟောင်းများကို အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်စပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်မိချိုသဲကို နစကကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂(စ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသလို ဦးလင်းတင်ဌေးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဒေါမိချိုသဲသည်  ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ဦးတင်လင်းဌေးမှာ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် နှစ်နှစ်ဆက်တိုက် အနိုင်ရရှိခဲ့သည်။

လက်ရှိ မွန်ပြည်နယ်အတွင်းတွင် ချောင်းဆုံအမတ်ဟောင်းနှစ်ဦး အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် NLD အမတ်ဟောင်းနေအိမ် (၆) လုံးအထိ ချိပ်ပိတ်ခံရကြောင်း သိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...