ချောင်ဆုံမြို့နယ် NLD အမတ်ဟောင်းနေအိမ်များ ချိပ်ပိတ်ခံရ

ချောင်ဆုံမြို့နယ် NLD အမတ်ဟောင်းနေအိမ်များ ချိပ်ပိတ်ခံရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ်ဟောင်း နေအိမ်များ ချိပ်ပိတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။

ချောင်းဆုံမြို့နယ် ကွမ်သဲကျေးရွာမှ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်မိချိူသဲနှင့် အမျိုးသားလွှတ်တော် အမတ်ဟောင်း ဦးလင်းတင်ဌေးတို့၏ နေအိမ်ကို ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ယင်း NLD  အမတ်ဟောင်းများကို အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်စပ်သည်ဆိုသော အကြောင်းပြချက်ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လာရောက်ချိပ်ပိတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်မိချိုသဲကို နစကကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၁ (ဂ)၊ ၅၂(စ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသလို ဦးလင်းတင်ဌေးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

ဒေါမိချိုသဲသည်  ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်ပြီး ဦးတင်လင်းဌေးမှာ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် နှစ်နှစ်ဆက်တိုက် အနိုင်ရရှိခဲ့သည်။

လက်ရှိ မွန်ပြည်နယ်အတွင်းတွင် ချောင်းဆုံအမတ်ဟောင်းနှစ်ဦး အပါအဝင် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်မှုဖြင့် NLD အမတ်ဟောင်းနေအိမ် (၆) လုံးအထိ ချိပ်ပိတ်ခံရကြောင်း သိရသည်။

May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...