ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဖွဲ့စည်းရန် လျှောက်လွှာခေါ်ယူ

ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ဖွဲ့စည်းရန် လျှောက်လွှာခေါ်ယူ

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် အဖွဲ့ဝင်များကို လျှောက်လွှာခေါ်ယူထားကြောင်း ဖြစ်မြောက်ရေးကော်မတီမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးမြတ်ထွန်းက ပြောသည်။

လက်ရှိတွင် အဖွဲ့ဝင်များမစုံသေး၍ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ ဖွဲ့စည်းရန် တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း ဦးမြတ်ထွန်းက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ ဖြစ်မြောက်ရေးကော်မတီဆိုပြီး လူပုဂ္ဂိုလ် (၅) ယောက်နဲ့ ယာယီဖွဲ့စည်းထားပါတယ်။ အဓိကတော့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက်၊ အုပ်ချုပ်တဲ့အစိုးရကလည်း မမှန်ကန်တဲ့လုပ်ရပ်တွေဆိုရင် ငါတို့ကထောက်ပြမယ်”ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းဟောင်းအဖွဲ့ ဖြစ်မြောက်ရေးယာယီကော်မတီတွင် ရခိုင့်လူအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဦးမြတ်ထွန်း(စစ်တွေ)၊ ပြည်သူ့သယံဇာတအဖွဲ့မှ ဦးခိုင်မျိုးထွန်း(စစ်တွေ)နှင့် ဦးမျိုး(စစ်တွေ)၊ ဦးမိုးနိုင်စိုး(တောင်ကုတ်)နှင့် ဦးစံအောင်ဖြူ(မင်းပြား)တို့ပါဝင်ပြီး ယာယီကော်မတီကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၁၇ ရက်တွင် စစ်တွေ၌ ဖွဲဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် စိတ်ပါဝင်စားသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအနေဖြင့် စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ဓမ္မလမ်းရှိ နိုင်ငံရေးအကျဉ်းဟောင်းအဖွဲ့ ဖြစ်မြောက်ရေးယာယီကော်မတီရုံးတွင် ထုတ်ယူလျှောက်ထားနိုင်သည်ဟု ဦးမြတ်ထွန်းက ပြောသည်။

"အခုထိတော့ တစ်ယောက်မှ လာမလျှောက်ကြသေးဘူး။ စိတ်ဝင်စားမှု နည်းတယ်လို့ ပြောရမယ်"ဟု ဆိုသည်။

လျှောက်ထားကြသူများအပေါ်မူတည်၍ ညီလာခံခေါ်ယူကာ အသင်းအဖွဲ့ ဖွဲ့စည်းပုံနှင့်အတူ ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ကို စနစ်တကျဖွဲ့စည်းသွားမည်ဟု ဆိုသည်။

မူလကရှိသည့် ရခိုင်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်တွင် စစ်တွေရှိ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်း၌ အဖွဲ့ဝင် ၁၃ ဦးဖြင့်စတင်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပြီး ၅ နှစ်ခန့်အကြာတွင် အတွင်းရေးမှူးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၅)ဦး သေဆုံးသွားကြ၍ အဖွဲ့၏လုပ်ဆောင်ချက်များကို မလုပ်နိုင်ဖြစ်နေသည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလ ၇ ရက်မှစတင်ကာ အဆိုပါအဖွဲဲ့ကို ဖျက်သိမ်းခဲ့သည်။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...