မူလတန်းဆရာအတတ်သင်ပြီးမှ တိုင်းရင်းသားဘာသာသင် ဆရာ/မ အမြဲတမ်းဝန်ထမ်း ခန့်အပ်မယ်လို့ဆို

မူလတန်းဆရာအတတ်သင်ပြီးမှ တိုင်းရင်းသားဘာသာသင် ဆရာ/မ အမြဲတမ်းဝန်ထမ်း ခန့်အပ်မယ်လို့ဆို

တိုင်းရင်းသားဘာသာသင်တဲ့ ဆရာ/မ  Teacher Assistant (TA) တွေကို အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်ရေးအတွက် ပညာရေးဒီဂရီကောလိပ် ဒါမှမဟုတ် တက္ကသိုလ်တွေကနေ ဖွင့်လှစ်တဲ့ မူလတန်းဆရာအတတ်သင် အောင်မှ ခန့်အပ်မယ်လို့ ဆိုလာပါတယ်။

ဒီလို ညွှန်ကြားစာကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာနက မနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့ရက်စွဲနဲ့  စစ်ကိုင်းတိုင်းဒေသကြီးထဲက တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုကော်မတီတွေဆီကို ပေးပို့ခဲ့ပါတယ်။

ရှမ်းနီတိုင်းရင်းသား Teacher Assitant (TA) တွေက ပညာရေး ဒီဂရီကောလိပ် နဲ့ တက္ကသိုလ်တွေမှာ  တက်ရောက်နေသူ ၁၀ လောက်တောင် ဦးထက်ပင်နည်းကြောင်း သိရပါတယ်။

“ ဘယ်အစိုးရတက်တက်တိုင်းရင်းသားတွေကိုစေတနာမရှိဘူးဆိုတာအမျိုးသားရေးလုပ်နေတဲ့သူတွေပိုသိပါတယ်” လို့ အမည်မဖော်လိုတဲ့ ရှမ်းနီစာပေအရေးလုပ်ဆောင်နေသူတစ်ဦးက ဆိုပါတယ်။

ဒီလိုအတည်ပြုခန့်အပ်ရေးကိစ္စက NLD. အရပ်သားအစိုးရလက်ထက်ကတည်းက လုပ်ဆောင်မှုတွေရှိခဲသလို စစ်ကောင်စီ ကလည်း လိုက်လုပ်ပေမယ့် ညွှန်ကြားစာတွေသာ ထွက်လာပြီး လက်တွေ့မဖြစ်လာခဲ့ကြောင်းသိရပါတယ်။

လက်ရှိအချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီးထဲက တိုင်းရင်းသားဘာသာသင်ကြားနေရတဲ့ ဆရာ/မတချို့က လစာကို ဒီနေ့ အချိန်ထိ မရသေးသူတွေများစွာရှိနေဆဲဖြစ်ပါတယ်။

တိုင်းရင်းသားဘာသာဆရာ/မ LT  တွေ ကို လစာထုတ်ပေးဖို့အတွက် စစ်ကောင်စီဘက်က ထောက်ခံချက်မျိုးစုံကိုလည်း တောင်းခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...