အောင်မင်္ဂလာအဝေးပြေး High Class ကားဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲ

အောင်မင်္ဂလာအဝေးပြေး High Class ကားဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိHigh Class ကားဂိတ်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်နေ့) ၁၀နာရီခွဲအချိန်တွင် ပါဆယ်ထုတ်မှဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရသည်။

''ဟုတ်ပါတယ်။လမ်းဖြတ်ကနေတင်လာတဲ့ပါဆယ်ထုတ်ကနေပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ရန်ကုန်ကားဂိတ်ကိုရောက်ပြီးပစ္စည်းတွေချတဲ့အချိန်ထိလည်းဘာမှမဖြစ်သေးဘူး၊ ကုန်တွေကို အောင်ဆန်းကွင်းဂိတ်ကိုပို့ဖို့အတွက်ကုန်ပြောင်းလုပ်နေတဲ့အချိန်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ကံကောင်းတယ်ပြောရမှာက လူတွေကိုထိခိုက်မှုမရှိခဲ့ဘူး''ဟု ကားဂိတ်နှင့်နီးစပ်သူတစ်ဦးမှပြောသည်။

အနယ်နယ်အရပ်ရပ်မှHigh Class ကားဖြင့် ပို့ဆောင်လာသည့်ကုန်ပစ္စည်းများကို အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှတဆင့် အောင်ဆန်းကွင်းရှေ့ဘက်ခြမ်းရှိ ဖဆပလတိုက်ခန်းများရှေ့တွင်ရှိသောဂိတ်ခွဲတွင်ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။

သည့်အပြင်ယမန်နေ့ ည ၈နာရီ ၃မိနစ်ခန့်က ကလည်း အောင်မင်္ဂလာကားဝန်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်စစ်ကြောရေးစခန်းကို Dictator Revolt Fornt ( D.R.F ) က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...
July 22, 2026
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ ရဲစခန်းအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင်...
July 21, 2026
ရှမ်းပြည် တောင်ပိုင်း၊ မိုးဗြဲမြို့နှင့် ကရင်နီပြည်၊ နန်းမယ်ခုံအကြားတွင် ဇွန်လ ဒုတိယပတ်က...