အောင်မင်္ဂလာအဝေးပြေး High Class ကားဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲ

အောင်မင်္ဂလာအဝေးပြေး High Class ကားဂိတ်တွင် ပါဆယ်ဗုံးပေါက်ကွဲ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိHigh Class ကားဂိတ်တွင် ယနေ့ (ဖေဖော်ဝါရီ ၁၄ရက်နေ့) ၁၀နာရီခွဲအချိန်တွင် ပါဆယ်ထုတ်မှဗုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းသိရသည်။

''ဟုတ်ပါတယ်။လမ်းဖြတ်ကနေတင်လာတဲ့ပါဆယ်ထုတ်ကနေပေါက်ကွဲမှုဖြစ်ခဲ့တာပါ။ရန်ကုန်ကားဂိတ်ကိုရောက်ပြီးပစ္စည်းတွေချတဲ့အချိန်ထိလည်းဘာမှမဖြစ်သေးဘူး၊ ကုန်တွေကို အောင်ဆန်းကွင်းဂိတ်ကိုပို့ဖို့အတွက်ကုန်ပြောင်းလုပ်နေတဲ့အချိန်မှာပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ကံကောင်းတယ်ပြောရမှာက လူတွေကိုထိခိုက်မှုမရှိခဲ့ဘူး''ဟု ကားဂိတ်နှင့်နီးစပ်သူတစ်ဦးမှပြောသည်။

အနယ်နယ်အရပ်ရပ်မှHigh Class ကားဖြင့် ပို့ဆောင်လာသည့်ကုန်ပစ္စည်းများကို အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှတဆင့် အောင်ဆန်းကွင်းရှေ့ဘက်ခြမ်းရှိ ဖဆပလတိုက်ခန်းများရှေ့တွင်ရှိသောဂိတ်ခွဲတွင်ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်သည်။

သည့်အပြင်ယမန်နေ့ ည ၈နာရီ ၃မိနစ်ခန့်က ကလည်း အောင်မင်္ဂလာကားဝန်းရှေ့ရှိ စစ်ထောက်လှမ်းရေးတပ်စစ်ကြောရေးစခန်းကို Dictator Revolt Fornt ( D.R.F ) က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Most read this week

December 16, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၁၀ ရက်နေ့၌ မြောက်ဦးဆေးရုံကို စစ်ကော်မရှင်မှ ပေါင်...
December 15, 2025
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အရှေ့ခြမ်း ဆွတ်နန်းကျေးရွာအနီးရှိ ရန်ကင်းတောင်စခန်း...
December 10, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုဦးတည် စစ်ကြောင်းထိုးနေသည့် စစ်ကော်မရှင်တပ်စစ်ကြောင်း က ဒေသခံ ၁၂...
December 9, 2025
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အနောက်မြောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကော် မရှင်တပ်က...