ရန်ကုန်မှ ရမ်းဗြဲသို့ထွက်ခွာလာသည့်ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန်မှ ရမ်းဗြဲသို့ထွက်ခွာလာသည့်ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား
မာရယု နှင့် Matthew KoGyi
မာရယု နှင့် Matthew KoGyi

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ၃ မိုင်ခွဲအကွာ ကင်းခြေရွာသစ်အနီးကားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီ းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်သည့်ကားမှာ ရန်ကုန်မှ ရမ်းဗြဲမြို့သို့ထွက်ခွာလာသည့် ရဲအောင်လံ ခရီးသည်တင်ကားဖြစ်သည်။

အဆိုပါကားသည် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်က ကင်းခြေရွာသစ်အနီးသို့အရောက်တွင် ကားအင်ဂျင်အပူလွန်ကဲရာမှ အနီးရှိ ဝါယာကြိုးများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မအီ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးကျော်လင်းက “ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ၆ နာရီခွဲလောက်မှာသတင်းပို့တော့ ကျနော်တို့က ၆ နာရီ ၄၀ မိနစ်လောက်မှာ ရောက်သွားတယ်။ ၇ နာရီမှာ မီးငြိမ်းသွားတယ်။ ကားကတော့ အကုန်လုံးနီးပါးပျက်စီးသွားတယ်” ဟု ပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဟုလည်း ပြောသည်။

အဆိုပါကားတွင် ခရီးသည် ၇ ဦးလိုက်ပါလာခဲ့ပြီး သူတို့အား ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က လိုရာခရီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...