ရန်ကုန်မှ ရမ်းဗြဲသို့ထွက်ခွာလာသည့်ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား

ရန်ကုန်မှ ရမ်းဗြဲသို့ထွက်ခွာလာသည့်ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား
မာရယု နှင့် Matthew KoGyi
မာရယု နှင့် Matthew KoGyi

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ၃ မိုင်ခွဲအကွာ ကင်းခြေရွာသစ်အနီးကားလမ်းပေါ်တွင် ခရီးသည်တင်ကားတစ်စီ းမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်သည့်ကားမှာ ရန်ကုန်မှ ရမ်းဗြဲမြို့သို့ထွက်ခွာလာသည့် ရဲအောင်လံ ခရီးသည်တင်ကားဖြစ်သည်။

အဆိုပါကားသည် ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်က ကင်းခြေရွာသစ်အနီးသို့အရောက်တွင် ကားအင်ဂျင်အပူလွန်ကဲရာမှ အနီးရှိ ဝါယာကြိုးများအား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြည်နယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မအီ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးစိုးကျော်လင်းက “ခရီးသည်တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ ၆ နာရီခွဲလောက်မှာသတင်းပို့တော့ ကျနော်တို့က ၆ နာရီ ၄၀ မိနစ်လောက်မှာ ရောက်သွားတယ်။ ၇ နာရီမှာ မီးငြိမ်းသွားတယ်။ ကားကတော့ အကုန်လုံးနီးပါးပျက်စီးသွားတယ်” ဟု ပြောသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို တွက်ချက်နေဆဲဟုလည်း ပြောသည်။

အဆိုပါကားတွင် ခရီးသည် ၇ ဦးလိုက်ပါလာခဲ့ပြီး သူတို့အား ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့က လိုရာခရီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟုလည်း သူက ဆက်ပြောသည်။

July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...
July 22, 2026
ရခိုင်ပြည်၏ မြို့တော်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်းမှ...