AA နှင့်ဆက်စပ်သူ ၄၆ ဦးကို ပြန်လွှတ်မည်ဟု ကြေညာထားသော်လည်း ၄ ဦးမှာ မလွတ်မြောက်သေး

AA နှင့်ဆက်စပ်သူ ၄၆ ဦးကို ပြန်လွှတ်မည်ဟု ကြေညာထားသော်လည်း ၄ ဦးမှာ မလွတ်မြောက်သေး
AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော လက္ကာကျေးရွာသား ၂၃ ဦး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာစဉ်။ (photo - DMG)
AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော လက္ကာကျေးရွာသား ၂၃ ဦး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာစဉ်။ (photo - DMG)

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသူ ၄၆ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လွှတ်မည်ဟုကြေညာခဲ့သော်လည်း လူ ၄ ဦးမှာ မလွတ်မြောက်နိုင်သေးကြောင်း လွတ်မြောက်မှုအခြေနှင့်ပတ်သက်ပြီး စာရင်းပြုစုနေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။

မလွတ်မြောက်လာသည့် ၄ ဦးမှာ အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် ဒေါ်တင်အေးခိုင်၊ ဦးမောင်ပုနှင့် သံတွဲအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ကိုဖြိုးသန့်နိုင်၊ ကိုသန်းထိုက်စိုးတို့ဖြစ်သည်။

၄င်းတို့လေးဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်ကျခံနေရမှုများကို ရုပ်သိမ်းခဲ့သော်လည်း မူးယစ်ဆေးဝါးအမှုများဖြင့် စွဲဆိုခံထားရမှုများရှိနေသောကြောင့် လွတ်မြောက်လာခြင်းမရှိဟု နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ စာရေးဆရာဝေဟင်အောင်က ပြောသည်။

“ပြန်ဖမ်းတာမဟုတ်ဘူး။ သူတို့မှာ နောက်အမှုကျန်သေးလို့။ AA နဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုနဲ့လည်းစွဲပြီး မူးယစ်အမှုနဲ့လည်းစွဲတယ်။ အခု အကြမ်းဖက်ပုဒ်မကလွှတ်ပေးပြီး မူးယစ်ဆေး အမှုကကျန်ခဲ့တာကြောင့်ဖြစ်တယ်”ဟု ၎င်းက DMG သို့ပြောသည်။

လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ လက္ကာကျေးရွာသား(၂၃)ဦးနှင့် သာစည်ရွာမှ (၃)ဦး၊ မြောက်ဦးအချုပ်ခန်းမှ (၁၀)ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ (၆)ဦးတို့ဖြစ်ကြသည်ဟု သိရသည်။

“ကျန်တဲ့လူတွေကိုလည်း လွှတ်ပေးသင့်တယ်။ ဖမ်းဆီးထားတာလည်းကြာနေကြပြီ။ ပထမလူတွေကိုလွှတ်ပေးသလိုမျိုး နောက်ကျန်တဲ့လူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့အတွက် ကျနော်တို့မျှော်လင့်တယ်”ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။

လက်ရှိတွင် AA နှင့်ဆက်စပ်သည့်သံသယဖြင့် အကျဉ်း‌ထောင်အသီးသီးတွင်ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ဦးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...