AA နှင့်ဆက်စပ်သူ ၄၆ ဦးကို ပြန်လွှတ်မည်ဟု ကြေညာထားသော်လည်း ၄ ဦးမှာ မလွတ်မြောက်သေး

AA နှင့်ဆက်စပ်သူ ၄၆ ဦးကို ပြန်လွှတ်မည်ဟု ကြေညာထားသော်လည်း ၄ ဦးမှာ မလွတ်မြောက်သေး
AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော လက္ကာကျေးရွာသား ၂၃ ဦး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာစဉ်။ (photo - DMG)
AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသော လက္ကာကျေးရွာသား ၂၃ ဦး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာစဉ်။ (photo - DMG)

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသူ ၄၆ ဦးကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လွှတ်မည်ဟုကြေညာခဲ့သော်လည်း လူ ၄ ဦးမှာ မလွတ်မြောက်နိုင်သေးကြောင်း လွတ်မြောက်မှုအခြေနှင့်ပတ်သက်ပြီး စာရင်းပြုစုနေသည့် စာရေးဆရာဝေဟင်အောင်ကပြောသည်။

မလွတ်မြောက်လာသည့် ၄ ဦးမှာ အင်းစိန်ထောင်တွင် အကျဉ်းကျနေသည့် ဒေါ်တင်အေးခိုင်၊ ဦးမောင်ပုနှင့် သံတွဲအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ကိုဖြိုးသန့်နိုင်၊ ကိုသန်းထိုက်စိုးတို့ဖြစ်သည်။

၄င်းတို့လေးဦးကို အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်ကျခံနေရမှုများကို ရုပ်သိမ်းခဲ့သော်လည်း မူးယစ်ဆေးဝါးအမှုများဖြင့် စွဲဆိုခံထားရမှုများရှိနေသောကြောင့် လွတ်မြောက်လာခြင်းမရှိဟု နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်သူ စာရေးဆရာဝေဟင်အောင်က ပြောသည်။

“ပြန်ဖမ်းတာမဟုတ်ဘူး။ သူတို့မှာ နောက်အမှုကျန်သေးလို့။ AA နဲ့ဆက်စပ်ပြီး အကြမ်းဖက်မှုနဲ့လည်းစွဲပြီး မူးယစ်အမှုနဲ့လည်းစွဲတယ်။ အခု အကြမ်းဖက်ပုဒ်မကလွှတ်ပေးပြီး မူးယစ်ဆေး အမှုကကျန်ခဲ့တာကြောင့်ဖြစ်တယ်”ဟု ၎င်းက DMG သို့ပြောသည်။

လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ လက္ကာကျေးရွာသား(၂၃)ဦးနှင့် သာစည်ရွာမှ (၃)ဦး၊ မြောက်ဦးအချုပ်ခန်းမှ (၁၀)ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ (၆)ဦးတို့ဖြစ်ကြသည်ဟု သိရသည်။

“ကျန်တဲ့လူတွေကိုလည်း လွှတ်ပေးသင့်တယ်။ ဖမ်းဆီးထားတာလည်းကြာနေကြပြီ။ ပထမလူတွေကိုလွှတ်ပေးသလိုမျိုး နောက်ကျန်တဲ့လူတွေကိုလည်း အမြန်ဆုံးလွှတ်ပေးဖို့အတွက် ကျနော်တို့မျှော်လင့်တယ်”ဟု စာရေးဆရာဝေဟင်အောင်က ပြောသည်။

လက်ရှိတွင် AA နှင့်ဆက်စပ်သည့်သံသယဖြင့် အကျဉ်း‌ထောင်အသီးသီးတွင်ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ဦးခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...