တရုတ်လွှဲပြောင်းလိုက်သည့် မြန်မာလုပ်သား တစ်ထောင်ခန့် မိုင်းလားတွင် ထိန်းသိမ်းခံနေရ

တရုတ်လွှဲပြောင်းလိုက်သည့် မြန်မာလုပ်သား တစ်ထောင်ခန့် မိုင်းလားတွင် ထိန်းသိမ်းခံနေရ
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်

တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ခန့်ကို မိုင်းလားအာဏာပိုင်များက ထိန်းသိမ်းထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ မြန်မာရွှေ့ပြောင်းလုပ်သား တစ်ထောင်ခန့်ကို တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီး ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှတစ်ဆင့် ရှမ်းပြည်၊ မိုင်းလားအာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိ မိုင်းလားသို့ ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ အဆက်အသွယ် ပြတ်တောက် နေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်ဟု တရုတ်နိုင်ငံတွင် နေထိုင်သည့် မြန်မာရွှေ့ပြောင်း အလုပ် သမားတစ်ဦးက ပြောသည်။

“မိုင်းလားအာဏာပိုင်အဖွဲ့ကလည်း တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိသေးဘူး။ လူမျိုးအလိုက် ထိန်း သိမ်းထားပြီး စီရင်ချက်ချတယ်လို့ ကြားတယ်။ ရခိုင်တွေကတော့ သတင်းအစအန လုံးဝ မရကြသေးဘူး။ ပြည်မ ဘက်က လူနည်းနည်းလောက်ပဲ အဆက်အသွယ်ရကြတယ်။ တရားဝင် ထုတ်ပြန်တာမျိုး မရှိလို့ မိသားစုတွေ အတော်စိုးရိမ်နေကြတယ်။”

ရွှေ့ပြောင်းလုပ်သားများကို တရုတ်ထံမှ လွှဲပြောင်းပေးမှုနှင့်ပတ်သက်၍ မိုင်းလားအာဏာပိုင်ဘက်က တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မတွေ့ရသေးပေ။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုင်းလားအာဏာပိုင်များထံ အဆက် အသွယ်ရရှိရန် DMG မှ ကြိုးစားနေဆဲ ဖြစ်သည်။

တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် အလုပ်လုပ်ကိုင်နေကြသည့် ရခိုင်အပါအဝင် မြန်မာရွှေ့ပြောင်း လုပ်သားများကို တရုတ်ရဲတပ်ဖွဲ့နှင့် လဝကတို့ ပူးပေါင်းကာ ပြီးခဲ့သည့် ဇူလိုင်လမှစ၍ လိုက်လံဖမ်းဆီးနေကြောင်း ရွှေ့ပြောင်း လုပ်သားများက ပြောသည်။

ထိုသို့ ဖမ်းဆီးရမိသူများကိုလည်း တရုတ်အာဏာပိုင်များက မိုင်းလားအာဏာပိုင်များထံ လွှဲပြောင်းပေးနေကာ မိုင်းလားသို့ ပို့ဆောင်ခံရသူများမှာ ပြန်လွတ်လာခြင်း မရှိဘဲ သတင်းအစအန မရဖြစ်နေကြသည်။

ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက “မိန်းမဖြစ်သူကို စက်ရုံပိုင်ရှင်က လုပ်အားခ မပေး ချင်လို့ ရဲနဲ့ပေါင်းပြီး ဖမ်းခိုင်းတယ်။ ဒါကို မကျေနပ်လို့ သူ့ယောက်ျားက ရဲစခန်းသွားပြီး ပြောတဲ့အချိန် ထပ် ပြီး အဖမ်းခံလိုက်ရတယ်။ သူတို့ အဖမ်းခံရတုန်းက တရုတ်သံရုံးကို အီးမေးလ် ပို့ခဲ့သေးတယ်။ စာတော့ မပြန် ပါဘူး။ ရဲစခန်းမှာ ဖမ်းထားတုန်းကတော့ အဆက်အသွယ် လုပ်လို့ရသေးတယ်။ ခုကတော့ ဘယ်နေရာကို ပြောင်းလိုက်လဲ မသိရဘူး။ အဆက်အသွယ်လည်း မရတော့ဘူး” ဟု ပြောသည်။

ယနေ့ ဩဂုတ်လ ၇ ရက်တွင်လည်း တရုတ်အာဏာပိုင်များက မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ခန့်ကို ထပ်မံ ဖမ်းဆီးထားပြီး မိုင်းလားဘက်သို့ ပို့ရန် စီစဉ်နေကြောင်း မြေပြင်အခြေအနေ သိရှိသူများက ဆိုသည်။

တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃,၀၀၀ ခန့် ရှိနေပြီး လက်ရှိတွင် တရုတ်အာဏာပိုင် များက လိုက်လံဖမ်းဆီးနေသဖြင့် ဘေးလွတ်ရာနေရာများတွင် ပုန်းအောင်းနေကြရကာ မိုးရာသီကာလ ဖြစ်သော ကြောင့် အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...