စွန့်ပစ်ယိုးဒယားအကင်ထုတ်များ စားမိသူ ကလေး ၁၅ ဦး ဆေးရုံတင်ရ၊ ၁ ဦးသေဆုံး

စွန့်ပစ်ယိုးဒယားအကင်ထုတ်များ စားမိသူ ကလေး ၁၅ ဦး ဆေးရုံတင်ရ၊ ၁ ဦးသေဆုံး
ယိုးဒယားအကင်ထုတ်များ
ယိုးဒယားအကင်ထုတ်များ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူမြို့မှ ကျေးရွာတစ်ခုတွင် အမှိုက်ပုံ၌ စွန့်ပစ်ထားသော ယိုးဒယားအကင်ထုတ်များကို ကြော်စားခဲ့သည့် ကလေး ၁၅ ဦး ဆေးရုံတင်ခဲ့ရပြီး တစ်ဦးမှာ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဘုရားသုံးဆူမြို့ရှိ အမှိုက်ပုံတစ်ခုတွင် လာရောက်စွန့်ပစ်ထားသော ယိုးဒယားနိုင်ငံထုတ် အကင်ထုတ် ၈၀ ခန့်ကို ကလေးတစ်ချို့က ယူဆောင်ပြီးနောက် စားသုံးခဲ့ရာ ဆေးရုံတင်ခဲ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"အထုတ် ၈၀လောက်ရှိတယ်။ အဲ့ဒါကိုကလေးတွေက လုပြီးယူကြတာပေါ့။ ပြီးတော့ ကြော်စားကြတယ်။ လူကြီးတွေကတော့ ဘာမှ မဖြစ်ဘူး။ ကလေးတွေက မူးတယ်။ အန်တယ်။ အဲဒီကလေးတွေ အခုဆေးရုံ တင်ထားရတယ်"ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က အဆိုပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးသေဆုံးကာ ကလေး ၉ ဦးခန့် ဆေးရုံတင်ခဲ့ရကြောင်း၊ ဖေဖော်ဝါရီ ၈ ရက် နေ့နံနက်ပိုင်းကလည်း နောက်ထပ် ကလေး ၇ ဦး ဆေးရုံ ထပ်တင်ခဲ့ရပြီး စုစုပေါင်း ၁၆ ဦးမှ တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဥ်ကြောင့် အသက် ၆၀ အရွယ်ရှိ ဘုရားသုံးဆူမြို့ (၁) ရပ်ကွက်နေ အမှိုက်ကောက်သည့် ဒေါ်ချို ဆိုသူကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

ကလေးများစားသုံးခဲ့သော အကင်ချောင်းများသည် ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် တရားမဝင် ဖွင့်လှစ်ထားသော စက်ရုံတစ်ခုမှဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲမှုဌာနထံ လိုင်စင်တင်ထားခြင်းမရှိဟု နားလည်သူတစ်ဦးက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းတွင် ပထမအသုတ် ဆေးရုံတင်ရသော ကလေး ၉ ယောက်မှ ၄ ယောက်မှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...