အောင်လအင်ဆန်ရဲ့ ပြိုင်ပွဲ၀င် အသုံးအဆောင် လေလံတင်ရောင်းချ၊ ဒေါ်လာ (၄၅၀၀၀) ရရှိ၊ စစ်ရှောင်နှင့် အရေးပေါ်လိုအပ်သူများအား ပြန်လည်လှူဒါန်းမည်

အောင်လအင်ဆန်ရဲ့ ပြိုင်ပွဲ၀င် အသုံးအဆောင် လေလံတင်ရောင်းချ၊ ဒေါ်လာ (၄၅၀၀၀) ရရှိ၊ စစ်ရှောင်နှင့် အရေးပေါ်လိုအပ်သူများအား ပြန်လည်လှူဒါန်းမည်

ကချင်မဟာမိတ်အဖွဲ့ Kachin Alliance အဖွဲ့မှ ကြီးမှူးကျင်းပသည့် One Championship MMA ဖိုက်တာ အောင်လအင်ဆန်၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်း လေလံတင်ရောင်းချပွဲမှ အမေရိကန်ဒေါ်လာ ( ၄၅၀၀၀) ရရှိခဲ့ကြောင်း သိရသည်။

ယင်းလေလံပွဲမှ ရရှိသည့် အလှူငွေ အားလုံးကို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တစ်ဝိုက်တွင်ရှိသည့် စစ်ဘေးရှောင်ပြည်သူများနှင့် အရေးပေါ် လိုအပ်နေသည့် နေရာများတွင် ကူညီပေးသွားမည်ဟုလည်း သိရသည်။

MMA One Championship ၏ သမိုင်းဝင်ပြိုင်ပွဲ ထိုးသတ်ရာတွင်  အောင်လအင်ဆန် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ (၂) ထည်နှင့် လက်အိတ်ကို လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး  ပစ္စည်းတစ်ခုစီအတွက် ကြမ်းခင်းဈေးနှုန်း အမေရိကန် ဒေါ်လာ တစ်သောင်းမှ စတင်လေလံတင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်(California) ၊ လော့အိန်ဂျယ်လစ်(Los Angeles) မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လကလည်း အောင်လအင်ဆန်၏ ကိုယ်ပိုင်ပစ္စည်းအသုံးအဆောင် လေလံတင်ရောင်းချပွဲအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လေလံပွဲမှ ရရှိခဲ့သည့် ကျပ်သိန်း (၅၀) ကျော်အား  ကချင်ပြည်နယ်က စစ်ဘေးရှောင်များနှင့် ရန်ကုန်မြို့က မိဘမဲ့ဂေဟာများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...