အောင်လအင်ဆန်ရဲ့ ပြိုင်ပွဲ၀င် အသုံးအဆောင် လေလံတင်ရောင်းချ၊ ဒေါ်လာ (၄၅၀၀၀) ရရှိ၊ စစ်ရှောင်နှင့် အရေးပေါ်လိုအပ်သူများအား ပြန်လည်လှူဒါန်းမည်

အောင်လအင်ဆန်ရဲ့ ပြိုင်ပွဲ၀င် အသုံးအဆောင် လေလံတင်ရောင်းချ၊ ဒေါ်လာ (၄၅၀၀၀) ရရှိ၊ စစ်ရှောင်နှင့် အရေးပေါ်လိုအပ်သူများအား ပြန်လည်လှူဒါန်းမည်

ကချင်မဟာမိတ်အဖွဲ့ Kachin Alliance အဖွဲ့မှ ကြီးမှူးကျင်းပသည့် One Championship MMA ဖိုက်တာ အောင်လအင်ဆန်၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်း လေလံတင်ရောင်းချပွဲမှ အမေရိကန်ဒေါ်လာ ( ၄၅၀၀၀) ရရှိခဲ့ကြောင်း သိရသည်။

ယင်းလေလံပွဲမှ ရရှိသည့် အလှူငွေ အားလုံးကို တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တစ်ဝိုက်တွင်ရှိသည့် စစ်ဘေးရှောင်ပြည်သူများနှင့် အရေးပေါ် လိုအပ်နေသည့် နေရာများတွင် ကူညီပေးသွားမည်ဟုလည်း သိရသည်။

MMA One Championship ၏ သမိုင်းဝင်ပြိုင်ပွဲ ထိုးသတ်ရာတွင်  အောင်လအင်ဆန် ဝတ်ဆင်ခဲ့သည့် ဘောင်းဘီ (၂) ထည်နှင့် လက်အိတ်ကို လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး  ပစ္စည်းတစ်ခုစီအတွက် ကြမ်းခင်းဈေးနှုန်း အမေရိကန် ဒေါ်လာ တစ်သောင်းမှ စတင်လေလံတင်ခဲ့ခြင်းဖြစ်ကာ အမေရိကန်နိုင်ငံ၊ကယ်လီဖိုးနီးယားပြည်နယ်(California) ၊ လော့အိန်ဂျယ်လစ်(Los Angeles) မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လကလည်း အောင်လအင်ဆန်၏ ကိုယ်ပိုင်ပစ္စည်းအသုံးအဆောင် လေလံတင်ရောင်းချပွဲအား ရန်ကုန်မြို့တွင် ကျင်းပခဲ့ပြီး လေလံပွဲမှ ရရှိခဲ့သည့် ကျပ်သိန်း (၅၀) ကျော်အား  ကချင်ပြည်နယ်က စစ်ဘေးရှောင်များနှင့် ရန်ကုန်မြို့က မိဘမဲ့ဂေဟာများတွင် လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

Most read this week

December 17, 2025
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မြစ်ကြီးနားမြို့ကို ရောက်တဲ့အချိန်...
December 16, 2025
စစ်ကော်မရှင်က ဖမ်းဆီးပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ထားတဲ့ အလွတ်တန်းသတင်းထောက် ကချင်တိုင်းရင်းသူ...
December 15, 2025
တနိုင်းမြို့နယ်က ပယင်းမှော်ဒေသဘက်မှာ စစ်ကော်မရှင်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့...
December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...