AA သင်တန်းဆင်း လူငယ် ၂၀ ကျော်ခန့်ကို မောင်တောနယ်ခြားစောင့်တပ်က ဖမ်းဆီးဟုဆို

AA သင်တန်းဆင်း လူငယ် ၂၀ ကျော်ခန့်ကို မောင်တောနယ်ခြားစောင့်တပ်က ဖမ်းဆီးဟုဆို

ရက္ခိုင့်တပ်တော် (AA)မှ သင်တန်းဆင်း လူငယ် ၂၀ ကျော်ခန့်ကို မောင်တောနယ်ခြားစောင့်တပ်က ဖမ်းဆီးလိုက်သည်ဟု သတင်းများထွက်ပေါ်နေသည်။

၎င်းလူငယ်များသည် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းရှိ နယ်ခြားစောင့်တပ်ဖွဲ့ အမှတ် (၂၄) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ကြိမ်ချောင်းကျေးရွာ ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ကားနှစ်စီးနဲ့ တက်လိုက်ပါလာတာကို ကြိမ်ချောင်း (၂၄)ဂိတ်မှာ စစ်ဆေးတဲ့အခါ မသင်္ကာလို့ အဖမ်းခံရတာပါ။ လူအယောက် ၂၀ ကျော်လောက်ရှိပါတယ်။ ကျွန်တော်တို့ကြားတာတော့ AA ဘက်က သင်တန်းဆင်းလာတဲ့ ကလေးတွေလို့ကြားပါတယ်"ဟု ပြောသည်။

မောင်တော ၃ မိုင်ဘက်မှ ကား ၂ စီးဖြင့် လူခွဲပြီးလိုက်ပါလာခြင်းဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီ ၂၇ ရက်နေ့ည တစ်ညလုံး စခန်းတွင်စစ်ဆေးပြီး ယနေ့ မနက် ၉ နာရီခွဲ ၁၀ နာရီဝန်းကျင်တွင် နယ်ခြားစောင့် တပ် နခခ (၇) ကို ပြောင်းယူသွားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရာ ၎င်းသတင်းအပေါ် စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောကြားသည်။

မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က "ဒီကိစ္စမသိသေးပါဘူး။ စုံစမ်းနေပါတယ်"ဟု ပြောသည်။

နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ကျအရာရှိအားဆက်သွယ်ရာ မအားသေးဟု ဆိုကာ တခုတစုံဖြေကြားခြင်း မရှိခဲ့ပါ။

မောင်တောစခန်းမှူးဦးမြင့်ကျော်ဦးကလည်း ယခုကိစ္စကို သိရှိခြင်း မရှိ သေးကြောင်း နိရဥ္စရာကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ အေအေသင်တန်းဆင်း လူငယ်များဖြစ်ကြောင်း ဒေသအတွင်း သတင်းထွက်ပေါ်နေသော်လည်း နိရဉ္စရာသတင်းဌာနအနေဖြင့် လက်ရှိ အချိန်ထိ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...