ကျဆုံးသွားတဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦးရဲ့ စျာပနာအခမ်းအနားပြုလုပ်

ကျဆုံးသွားတဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦးရဲ့ စျာပနာအခမ်းအနားပြုလုပ်
ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို
ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို

ယမန်နေ့(ဇန်နဝါရီလ ၂၄ရက်) ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင်အုပ်စု၊ ဟိုဖိတ်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦး ကျဆုံးသွားပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဈာပနာအခမ်းအနားပြုလုပ်သွားပါတယ်။

ကျဆုံးသွားတဲ့ အသက် ၂၂ နှစ်အရွယ် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦးရဲ့ ကျန်ရစ်တဲ့မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်းအဖြစ် အလေးနီပြုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ထုတ်ပြန်ထားပါတယ်။

ဟိုဖိတ်တိုက်ပွဲမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO-PDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့ပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...