ကျဆုံးသွားတဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦးရဲ့ စျာပနာအခမ်းအနားပြုလုပ်

ကျဆုံးသွားတဲ့ ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦးရဲ့ စျာပနာအခမ်းအနားပြုလုပ်
ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို
ပြည်သူ့ကာကွယ်ရေးတပ် -ဒီးမော့ဆို

ယမန်နေ့(ဇန်နဝါရီလ ၂၄ရက်) ဒီးမော့ဆိုမြို့နယ်၊ စံပြ (၆)မိုင်အုပ်စု၊ ဟိုဖိတ်ကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦး ကျဆုံးသွားပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီမှာ ဈာပနာအခမ်းအနားပြုလုပ်သွားပါတယ်။

ကျဆုံးသွားတဲ့ အသက် ၂၂ နှစ်အရွယ် ဒီးမော့ဆို PDF တပ်ဖွဲ့ဝင် မောင်ဇင်မျိုးဦးရဲ့ ကျန်ရစ်တဲ့မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပြီး ဖက်ဒရယ်ဒီမိုကရေစီသူရဲကောင်းအဖြစ် အလေးနီပြုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ထုတ်ပြန်ထားပါတယ်။

ဟိုဖိတ်တိုက်ပွဲမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF၊ DMO-PDF၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ သုံးကြိမ်လာရောက်ပစ်ခတ်ခဲ့ပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...