U25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ရခိုင်က ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲ

U25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ရခိုင်က ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲ

တိုင်းဒေသကြီး/ပြည်နယ် အသက် ၂၅ နှစ်အောက် U25 အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရခိုင်အသင်းက ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်စွဲသွားသည်။

ယင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီက ဖိုင်နယ်ပွဲကျင်းပခဲ့စဉ် ယခုကဲ့သို့ ဗိုလ်စွဲသွားခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ရခိုင်အသင်းမှ မသီရိစန္ဒာရွှေ(ကျောနံပါတ် ၁၂)၊ မမြတ်မြတ်ဌေး(ကျောနံပါတ် ၁၀)နှင့် မလှမြတ်သူ(ကျောနံပါတ် ၆)တို့က တစ်ဂိုးစီသွင်းကာ သုံးဂိုး နှစ်ဂိုးဖြင့် ဗိုလ်စွဲသွားခြင်းလည်းဖြစ်သည်။

ယနေ့ပြုလုပ်သည့်ဗိုလ်လုပွဲတွင် ရခိုင်အသင်းမှ မလှမြတ်သူ(ကျောနံပါတ် ၆)က အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးရရှိပြီး ရခိုင်အသင်းမှ ဂိုးသမား မတိုးရတနာစု(ကျောနံပါတ် ၁ )က အကောင်းဆုံး ဂိုးသမားဆုကို ရရှိသွားခဲ့သည်။

ရခိုင်အမျိုးသမီးအသင်းသည် နေပြည်တော်အသင်းနှင့် စစ်ကိုင်းအသင်းကိုအနိုင်ရရှိကာ အုပ်စုဗိုလ်အနေဖြင့် ကွာတားဖိုင်နယ်သို့တက်ရောက်လာပြီး ကွာတားဖိုင်နယ်တွင် ဧရာဝတီအသင်းကိုအနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ ရှုံးပွဲမရှိ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၁၈ ရက်နေ့က ဆီမီးဖိုင်နယ်တွင် မွန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ရခိုင်အသင်းက အနိုင်ရရှိခဲ့သည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးအသင်း ပထမဆုချန်ပီယံဖြစ်ခြင်းသည် တိုင်းနှင့်ပြည်နယ် ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

Most read this week

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...