U25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ရခိုင်က ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲ

U25 အမျိုးသမီးဘောလုံးပြိုင်ပွဲ ရခိုင်က ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရဗိုလ်စွဲ

တိုင်းဒေသကြီး/ပြည်နယ် အသက် ၂၅ နှစ်အောက် U25 အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ရခိုင်အသင်းက ရှမ်းအသင်းကို ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်စွဲသွားသည်။

ယင်းပြိုင်ပွဲကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ယနေ့ ဇန်နဝါရီလ ၂၁ ရက် ညနေ ၃ နာရီက ဖိုင်နယ်ပွဲကျင်းပခဲ့စဉ် ယခုကဲ့သို့ ဗိုလ်စွဲသွားခြင်းဖြစ်သည်။

အဆိုပါပွဲတွင် ရခိုင်အသင်းမှ မသီရိစန္ဒာရွှေ(ကျောနံပါတ် ၁၂)၊ မမြတ်မြတ်ဌေး(ကျောနံပါတ် ၁၀)နှင့် မလှမြတ်သူ(ကျောနံပါတ် ၆)တို့က တစ်ဂိုးစီသွင်းကာ သုံးဂိုး နှစ်ဂိုးဖြင့် ဗိုလ်စွဲသွားခြင်းလည်းဖြစ်သည်။

ယနေ့ပြုလုပ်သည့်ဗိုလ်လုပွဲတွင် ရခိုင်အသင်းမှ မလှမြတ်သူ(ကျောနံပါတ် ၆)က အကောင်းဆုံးအားကစားသမားဆုကို ဆွတ်ခူးရရှိပြီး ရခိုင်အသင်းမှ ဂိုးသမား မတိုးရတနာစု(ကျောနံပါတ် ၁ )က အကောင်းဆုံး ဂိုးသမားဆုကို ရရှိသွားခဲ့သည်။

ရခိုင်အမျိုးသမီးအသင်းသည် နေပြည်တော်အသင်းနှင့် စစ်ကိုင်းအသင်းကိုအနိုင်ရရှိကာ အုပ်စုဗိုလ်အနေဖြင့် ကွာတားဖိုင်နယ်သို့တက်ရောက်လာပြီး ကွာတားဖိုင်နယ်တွင် ဧရာဝတီအသင်းကိုအနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ ရှုံးပွဲမရှိ တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီ ၁၈ ရက်နေ့က ဆီမီးဖိုင်နယ်တွင် မွန်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် ရခိုင်အသင်းက အနိုင်ရရှိခဲ့သည်။

ယခုကဲ့သို့ ရခိုင်အမျိုးသမီးအသင်း ပထမဆုချန်ပီယံဖြစ်ခြင်းသည် တိုင်းနှင့်ပြည်နယ် ဘောလုံးသမိုင်းတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...