အသက် (၆၈)နှစ်အရွယ် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်ပစ်သတ်ပြီး မြောင်းထဲပစ်ချ

အသက် (၆၈)နှစ်အရွယ် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်ပစ်သတ်ပြီး မြောင်းထဲပစ်ချ

ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်းက ပါလောင်းကျေးရွာအုပ်စု ဒေါတရိုးကျေးရွာ အနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေသခံရွာသားတစ်ဦးကို ပစ်သတ်ပြီး အလောင်းကို မြောင်းထဲပစ်ချခဲ့တယ်လို့ KNDF B-14 ကဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF B-14) မှ ဇန်နဝါရီလ ၂၀ မှာ နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီး သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူများကို မတရားသတ်ဖြတ်ခြင်းသည် မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ပြင်းထန်စွာရှုတ်ချပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ထိရောက်ရှိအောင် ဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြညသူလူထုအား အသိပေးအပ်ပါသည်။” လို့ KNDF B-14 က ရေးသားထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂ရက်နေ့မှာ ရိက္ခာပြန်ယူတဲ့ ဒေါတရိုး၊ ဒေါစဲကျေးရွာက ဒေသခံလူငယ် ၃ ဦးလည်း စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရကာ နှိပ်စက်ခံရပြီး ညနေပိုင်းမှာ ပြန်လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းရှိ ပါလောင်းကျေးရွာအုပ်စုဖက်ကို အင်အား ၃၀၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...