အသက် (၆၈)နှစ်အရွယ် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်ပစ်သတ်ပြီး မြောင်းထဲပစ်ချ

အသက် (၆၈)နှစ်အရွယ် ဒေသခံတစ်ဦးကို မြန်မာစစ်တပ်ပစ်သတ်ပြီး မြောင်းထဲပစ်ချ

ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်းက ပါလောင်းကျေးရွာအုပ်စု ဒေါတရိုးကျေးရွာ အနီးတစ်ဝိုက်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က အသက် ၆၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေသခံရွာသားတစ်ဦးကို ပစ်သတ်ပြီး အလောင်းကို မြောင်းထဲပစ်ချခဲ့တယ်လို့ KNDF B-14 ကဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပစ်သတ်ခဲ့တာဖြစ်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF B-14) မှ ဇန်နဝါရီလ ၂၀ မှာ နယ်မြေရှင်းလင်းရေးလုပ်နေချိန်မှာ အလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီး သင်္ဂြိုလ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူများကို မတရားသတ်ဖြတ်ခြင်းသည် မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ပြင်းထန်စွာရှုတ်ချပြီး အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ထိရောက်ရှိအောင် ဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြညသူလူထုအား အသိပေးအပ်ပါသည်။” လို့ KNDF B-14 က ရေးသားထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၂ရက်နေ့မှာ ရိက္ခာပြန်ယူတဲ့ ဒေါတရိုး၊ ဒေါစဲကျေးရွာက ဒေသခံလူငယ် ၃ ဦးလည်း စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံရကာ နှိပ်စက်ခံရပြီး ညနေပိုင်းမှာ ပြန်လွှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ လွိုင်ကော်မြို့နယ်အရှေ့ဖက်ခြမ်းရှိ ပါလောင်းကျေးရွာအုပ်စုဖက်ကို အင်အား ၃၀၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...