ကျောက်တော်မြို့နယ် ဝင်စုရွာဘုန်းတော်ကြီးကျောင်းတွင် မြန်မာစစ်တပ်အင်အားချထားဖြင့် ရွာသားအများစု တိမ်းရှောင်နေရဟုဆို

ကျောက်တော်မြို့နယ် ဝင်စုရွာဘုန်းတော်ကြီးကျောင်းတွင် မြန်မာစစ်တပ်အင်အားချထားဖြင့် ရွာသားအများစု တိမ်းရှောင်နေရဟုဆို
ဓာတ်ပုံ- ယခင်ပုံဟောင်း
ဓာတ်ပုံ- ယခင်ပုံဟောင်း

ကျောက်တော်မြို့နယ် ပီထုရွာအနီးမှ ဆုတ်ခွာသွားခဲ့သော စစ်ကြောင်းသည် ဇန်နဝါရီ ၁၈ ရက်နေ့က ဝင်စုကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် တပ်အင်အားချထားဖြင့်  စိုးရိမ်ကာ ရွာသားအများစုမှာ ရွာထဲကနေ တိမ်းရှောင်သွားကြသည်ဟု သတင်းရရှိသည်။

ဝင်စုဒေသခံတစ်ဦးက "ရွာသားတွေကတော့ စိုးရိမ်စိတ်တွေရှိကြတာပေါ့။ ဝင်စုရွာသားတွေ ထွက်ပြေးနေကြတယ်။ ပီထု ရွာသားတွေ နဲ့ ငါးဆောင်ဖက်က ရွာသားတွေပါ အစခပ်သိမ်းပေါ့။ ဝင်စုရွာမှာက သုံးပုံ ပုံလို့ တစ်ပုံလောက်သာ ကျန်တော့တယ်။ ကျောက်တော်မြို့ ရှမ်းရွာ အပြင်ပိုင်းတွေတောင် လူမရှိကြတော့ဘူး "ဟု ပြောသည်။

ယင်းမတိုင်ခင် ညနေပိုင်းတွင် ၎င်းစစ်ကြောင်းသည်  ထော်လာဂျီသုံးစီးနှင့် ရွာထဲသို့ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းတွင်တပ်စွဲကာ ရွာရှေ့၊ ရွာနောက်လုံခြုံရေးများချကြောင်း မျက်မြင် ဒေသခံများက ဆိုသည်။

ပီထုကျေးရွာအနီး ဘက်စုံခြံတွင် တပ်စွဲ ထားသည့် စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား နှစ်ဘက် အခြေနေ တင်းမာမှုများ ရှိခဲ့ပြီး ဘက်စုံခြံတောင်မှ မြန်မာစစ်တပ်နောက်ဆုတ်သွားခဲ့ပြီးနောက် ဝင်စုကျေးရွာသို့ ဝင်ရောက် လာခြင်းဖြစ်သည်။

စစ်ကြောင်းမှာ ပီထုရွာအနီးမှ ဆုတ်ခွာသွားသဖြင့် ယာယီရပ်နားထားသည့် ပီချောင်းကားလမ်းတွင် ယနေ့ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ်ကြောင်း ပီထုရွာမှဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA )နှင့် မြန်မာတပ်မတော်တို့ကြား ၂၀၁၈ ခုနှစ်က စတင်ကာ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ဒုတိယပတ်တွင်ရပ်နားခဲ့သည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် မောင်တောမြောက်ပိုင်းတွင် စစ်တပ်ဖက်မှနယ်ကျော်လာ၍ တိုက်ပွဲ တဖန်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် တိုင်ပွဲဖြစ်ပွားခြင်းမရှိသေးသော်လည်း နှစ်ဖက်တင်းမာမှုများရှိနေဆဲဖြစ်သည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...