KNU မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို စောဖလို့စိုးဝင်း (ခ) ပဒိုစောဝင်းခိုင်ကို ရွေးချယ်တာဝန်ပေး

KNU မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို စောဖလို့စိုးဝင်း (ခ) ပဒိုစောဝင်းခိုင်ကို ရွေးချယ်တာဝန်ပေး

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌအဖြစ် ပဒို စောဖလို့စိုးဝင်း (ခေါ်) ပဒိုစောဝင်းခိုင်အား တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

ပဒိုစောဝင်းခိုင်မှာ မြိတ်/ထားဝယ်ခရိုင်၏ ဆက်ဆံရေးရုံးတာဝန်ခံအနေဖြင့် တာဝန်ယူခဲ့ကြောင်း သိရသည်။  

ထို့ပြင် ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောမူလာ၊ အတွင်းရေးမှူး ပဒို စောအယ်နာ၊ တွဲဘက် အတွင်းရေးမှူး ပဒို စောဘိုးဘိုးခင်မောင်နှင့် တရားသူကြီး ပဒို စောသူးယယ်တို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး အလုပ်အမှုဆောင်ကော်မတီဝင် (၉) ဦးနှင့် ခရိုင်ကော်မတီဝင် (၁၈)ဦး၊ စုစုပေါင်း (၂၇) ဦးဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၄ ၏ (၁၉) ကြိမ်မြောက် ကွန်ကရက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ မြိတ်/ထားဝယ်ခရိုင်ရုံးစိုက်ရာ အမာလာထာကျေးရွာတွင် ကျင်းပခဲ့သည်။

ဘိတ်ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ ခုမှ ကိုယ်စားလှယ်များနှင့် အထူးဒေသ ၂ ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၉၃ ဦး တက်ရောက်ခဲ့ကြောင်း အဆိုပါ ၁၉ ကြိမ်မြောက်ကွန်ကရက်က သတင်းထုတ်ပြန်ထားသည်။

အလားတူ ကျန်ရှိသော ခရိုင်/တပ်မဟာများတွင်လည်း ကွန်ကရက် အသီးသီးကျင်းပခဲ့ပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟို ကွန်ကရက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Crd- KNU

May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...
ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...