KNU မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို စောဖလို့စိုးဝင်း (ခ) ပဒိုစောဝင်းခိုင်ကို ရွေးချယ်တာဝန်ပေး

KNU မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို စောဖလို့စိုးဝင်း (ခ) ပဒိုစောဝင်းခိုင်ကို ရွေးချယ်တာဝန်ပေး

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၄ မြိတ်/ထားဝယ်ခရိုင် ဥက္ကဋ္ဌအဖြစ် ပဒို စောဖလို့စိုးဝင်း (ခေါ်) ပဒိုစောဝင်းခိုင်အား တာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

ပဒိုစောဝင်းခိုင်မှာ မြိတ်/ထားဝယ်ခရိုင်၏ ဆက်ဆံရေးရုံးတာဝန်ခံအနေဖြင့် တာဝန်ယူခဲ့ကြောင်း သိရသည်။  

ထို့ပြင် ဒု ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် စောမူလာ၊ အတွင်းရေးမှူး ပဒို စောအယ်နာ၊ တွဲဘက် အတွင်းရေးမှူး ပဒို စောဘိုးဘိုးခင်မောင်နှင့် တရားသူကြီး ပဒို စောသူးယယ်တို့ကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီး အလုပ်အမှုဆောင်ကော်မတီဝင် (၉) ဦးနှင့် ခရိုင်ကော်မတီဝင် (၁၈)ဦး၊ စုစုပေါင်း (၂၇) ဦးဖြစ်ကြောင်း သိရသည်။

KNU တပ်မဟာ ၄ ၏ (၁၉) ကြိမ်မြောက် ကွန်ကရက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ မြိတ်/ထားဝယ်ခရိုင်ရုံးစိုက်ရာ အမာလာထာကျေးရွာတွင် ကျင်းပခဲ့သည်။

ဘိတ်ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ ခုမှ ကိုယ်စားလှယ်များနှင့် အထူးဒေသ ၂ ခုမှ ကိုယ်စားလှယ်များ စုစုပေါင်း လူဦးရေ ၉၃ ဦး တက်ရောက်ခဲ့ကြောင်း အဆိုပါ ၁၉ ကြိမ်မြောက်ကွန်ကရက်က သတင်းထုတ်ပြန်ထားသည်။

အလားတူ ကျန်ရှိသော ခရိုင်/တပ်မဟာများတွင်လည်း ကွန်ကရက် အသီးသီးကျင်းပခဲ့ပြီး လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဗဟို ကွန်ကရက် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Crd- KNU

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...