လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာများကို တောင်ကြီးကိုရွေ့ပြောင်း

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာများကို တောင်ကြီးကိုရွေ့ပြောင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ရှိ ကုတင်(၅၀၀)ဆန့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းနဲ့ လူနာတွေ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တောင်ကြီးမြို့ကို ရွေ့ပြောင်းသွားတယ်လို့ လွိုင်ကော်မြို့ဒေသခံဆီကနေ သိရပါတယ်။

“တောင်ကြီးကို ပြောင်းချင်တဲ့သူက များနေတာ၊ ဆေးရုံကလူလည်းမရှိတော့ပါဘူး။ တံခါးကပိတ်ထားတာ ဝင်မေးမရဘူး။”လို့ လွိုင်ကော်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။

လတ်တလော လွိုင်ကော်မြို့တွင်းမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသလို မီးလည်းပျက်နေတဲ့အတွက် အဖက်ဖက်က အဆင်မပြေတာကြောင့် ရွေ့ပြောင်းရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ထမ်းအချို့က အတည်ပြုပြောဆိုပါတယ်။

ကရင်နီတစ်ပြည်နယ်လုံးမှာ မကြာခဏမီးပျက်နေတဲ့အတွက် ပြည်သူ့ဆေးရုံအချို့မှာလည်း မီးစက်၊ ဓတ်မီး၊ ဖယောင်းတိုင်သုံးပြီး ကျန်းမာရေးဝန်ဆောင်မှုပေးတာရှိတယ်လို့ သိရပါတယ်။

၂၀၂၂ဇန်နဝါရီလ ပထမပတ်ကစပြီး လွိုင်ကော်မြို့ပေါ်ရှိ ရပ်ကွက်၊ မြို့တွင်းပိုင်အထိ တိုက်ပွဲက ကူးစက်ပျံနှံ့လာတာဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်မှာ လက်နက်ကြီးသုံးပြီး တိုက်ခိုက်နေသလို လေကြောင်းတိုက်ခိုက်မှုလည်း နေ့စဉ်ပြုလုပ်လျက်ရှိနေတာကြောင့် ဒေသခံပြည်သူတွေ၊ ရဟန်းသံဃာတော်တွေလည်း နေရပ်စွန့်ခွာပြီး ရွေ့ပြောင်းနေကြရပါတယ်။

August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...