အိန္ဒိယမှဝင်ရောက်လာသူ ၃ ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိ မြန်မာတွင် အိုမီခရွန်ပိုးတွေ့သူ ၁၉ ဦးအထိရှိလာ

အိန္ဒိယမှဝင်ရောက်လာသူ ၃ ဦးတွင် အိုမီခရွန်ပိုးတွေ့ရှိ မြန်မာတွင် အိုမီခရွန်ပိုးတွေ့သူ ၁၉ ဦးအထိရှိလာ

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုးကူးစက်ခံထားရသူ ၃ ဦး ထပ်တွေ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ဇန်နဝါရီ ၁၁ ရက် ညနေ၌ ထုတ်ပြန်ကြေညာသည်။

ယနေ့ အိုမီခရွန်ရောဂါပိုး တွေ့ရှိသူ ၃ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြပြီး ၄င်းတို့သည် ကယ်ဆယ်ရေးလေယာဉ်များဖြင့် အိန္ဒိယနိုင်ငံမှဝင်ရောက်လာသူများဖြစ်သည်ဟု သိရသည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ၏ ဓာတ်ခွဲနမူနာများအနက် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်သည့်သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ (၄)ခုအား ဇန်နဝါရီလ ၉ ရက်တွင် စစ်ဆေးခဲ့စဉ်တွေ့ရှိခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ၄င်းတို့အား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့်လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များကိုလည်း အသွားအလာကန့်သတ်ခြင်းများဆောင်ရွက်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်ဇန်နဝါရီလ ၇ ရက်ကလည်း အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်တွေ့ရှိသူ ၁၂ ဦးရှိခဲ့သလို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်ကလည်း ယူအေအီးနိုင်ငံမှ ပြန်လာသူ ၄ ဦးတွင် တွေ့ရှိခဲ့သည်။

လက်ရှိတွင် မြန်မာ၌ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၁၉ ဦးအထိရှိလာနေပြီဖြစ်သည်။

အိုမီခရွန်ကိုဗစ်မျိုးကွဲသစ်ကို ကမ္ဘာတွင် ပြီးခဲ့သည့် နိုဝင်ဘာလအစောပိုင်းက တောင်အာဖရိကနိုင်ငံ၌ စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်၌ ကူးစက်ပြန့်ပွားနေပြီဖြစ်သည်။

အိုမီခရွန်သည် မြန်မာတွင် ဖြစ်ပွားခဲ့သည့် ဒေလ်တာမျိုးစိတ်ကိုဗစ်ပိုးထက် ရောဂါဖြစ်ပွားမှုပြင်းထန်ခြင်းမရှိသော်လည်း ကူးစက်မှုပိုမိုမြန်ဆန်သည်ဟုလည်း သိရသည်။

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...