နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်သည့် အတုအယောင်တရားစီရင်မှုများကို ပြင်သစ် ရှုတ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်သည့် အတုအယောင်တရားစီရင်မှုများကို ပြင်သစ် ရှုတ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်သည့် အတုအယောင် တရားစီရင်မှု များကို ရှုတ်ချကြောင်း ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေး ဥပဒေပုဒ်မ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် ဇန်နဝါရီ ၁၀ ရက်က ထောင်ဒဏ် လေးနှစ် ထပ်မံချမှတ်ခဲ့သည်။

ယင်းသို့ ထောင်ဒဏ် ထပ်မံချမှတ်မှုကို ရှုတ်ချပြီး အတုအယောင်တရား စီရင်မှုသည် အလွန် စိုးရိမ်စရာ ကောင်းနေပြီဖြစ်သော နိုင်ငံရေး အခြေအနေကို ပိုမို၍ပင် ဆိုးရွားစေသည်ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ၏ အကျပ်အတည်းမှ လွတ်မြောက်ရေး လမ်းစသည် ပဋိပက္ခတွင် ပါဝင်သူအားလုံး ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု၊ ချင်းပြည်နယ်နှင့် ကရင် ၊ ကရင်နီနယ်များတွင် စစ်တပ်က အရပ်သားများအပေါ် ကျူးလွန်သော တိုက်ခိုက်မှုများကို ချက်ချင်း ရပ်ဆိုင်းခြင်းနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စ၍ ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးခြင်းတို့ကို ဥရောပသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက် အတိုင်း ပြင်သစ်နိုင်ငံက ရပ်တည်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် သတိပေးထားပြီး ဖြစ်သည်။

ယခုလည်း အဆိုပါ သတိပေးထားပြီး ဖြစ်သည့်အတိုင်း ဆက်လက် ရပ်တည်နေသည်ဟု ဆိုသည်။

ထို့ပြင် အားလုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု အကောင်အထည်ဖော်ရေး အပါအဝင် အာဆီယံ သဘောတူညီချက် ငါးချက်ကို အကောင်အထည်ဖော်ရန် ပြင်သစ်နိုင်ငံက အာဆီယံကို အပြည့်အဝ ထောက်ခံ အားပေးလျက် ရှိသည်ဟု ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား အမှုပေါင်း ဆယ်ခုကျော်ဖြင့် တရားစွဲဆိုထားပြီး လက်ရှိတွင် ထောင်ဒဏ် ခြောက်နှစ် ချမှတ်ထားသည်။

ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...
ဓာတ်ပုံ – အထည်ချုပ်စက်ရုံတွင်းပုံ / Crd
August 20, 2026
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံအချို့တွင် အလုပ်သမားများကို အချိန်ပို...
ဓာတ်ပုံ - Thazin Nyunt Aung (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စား လှယ်ဟောင်း ဦးဖြိုးဇေယျာသော်။
August 19, 2026
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် ဖမ်းဆီး...
ဓာတ်ပုံ - စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ် (မလှိုင်မြို့နယ်နှင့် ဆက်သွယ်နေသည့် မိတ္ထီလာမြို့အဝင်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်အုပ်စုတပ်က ယာဉ်များကို စစ်ဆေးနေစဉ်။)
August 19, 2026
မြင်းခြံ-ရန်ကုန် ခရီးသွား (Express) မော်တော်ယာဉ်များကို မလှိုင်မြို့ စစ်အုပ်စုဂိတ်က တားဆီးစစ်ဆေး...