ကျိုက်ထိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ဆေးရေးတင်းကျပ်

ကျိုက်ထိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ဆေးရေးတင်းကျပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီ ၆ ရက်နေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ မြို့အတွင်းလုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့က ကျိုက်ထိုမြို့ အ.ထ.ကကင်းမွန်ချောင်းနှင့် မြို့နယ်လျှပ်စစ်ရုံးတို့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ လျှပ်စစ်ရုံးပေါက်ကွဲမှုတွင် ရုံးဝန်ထမ်းတစ်ဦးနှင့် မီတာလာရောက်ပေးဆောင်သူများ အနည်းငယ်ထိခိုက်မှုဖြစ်ခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်တွင် မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ စစ်ဆေးဆောင်ရွက်မှုရှိနေကြောင်း ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။

"ဖမ်းဆီးထားတဲ့အသံမကြားရဘူး။ လျှပ်စစ်ရုံးနဲ့ မြို့မရဲစခန်းက ငါးမိနစ်လောက်သွားရတဲ့အကွာအဝေးပဲရှိတယ်။ ချက်ခြင်းမလာကြဘူး။ အင်အားအများအပြားနဲ့တော့ စစ်ဆေးတာမတွေ့ရသေးဘူး။ မနေ့ မနက်ပိုင်းကတော့ အ.ထ.က(ကျိုက်ထို) အရှေ့မှာတော့ ဆိုင်ကယ်တွေစစ်တာရှိပါတယ်။ ဝမ်းလျားမှောက်ခိုင်းတာတို့ပေါ့နော်။ ရိုက်တာတို့ကြားမိတာရှိပါတယ်"ဟု ၄င်းမှပြောသည်။

အ.ထ.ကကင်းမွန်ချောင်း ပေါက်ကွဲမှုနှင့်ပက်သက်ပြီး စစ်ကောင်စီမှ PDF အဖွဲ့များပြုလုပ်သည်ဟု ပြောဆိုထားသည်။

ထိုစွပ်စွဲပြောဆိုမှုမှာ မှန်ကန်ခြင်းမရှိသည့်အပြင် ပြည်သူများထိခိုက်မှုစေရန်အတွက် လုံးဝလုပ်ဆောင်ထားခြင်းမရှိကြောင်း ကျိုက်ထိုပြည်သူ့ကာကွယ်ရေး(PDF)မှ ငြင်းဆိုထားသည်။

"အခုလုပ်ဆောင်မှုတွေထဲမှာ မြို့နယ်လျှပ်စစ်ရုံးကိုဖောက်ခွဲမှုက စစ်ကောင်စီအပေါ် ငွေကြေးပေးသလိုဖြစ်နေတဲ့အတွက် သတိပေးပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ စာသင်ကျောင်းပေါက်ကွဲမှုအနေနဲ့ကတော့ ကျွန်တော်တို့အဖွဲ့အနေနဲ့ပြုလုပ်တာမဟုတ်ပါဘူး။ ပြည်သူကိုထိခိုက်ဒဏ်ရာရစေဖို့အတွက်ရည်ရွယ်ပြီးတော့ လုပ်ဆောင်ခြင်းမျိုးလဲမရှိပါဘူး"ဟု ကျိုက်ထိုPDF မှ တာဝန်ရှိသူက ပြောဆိုထားသည်။

အ.ထ.ကကင်းမွန်ချောင်းတွက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် စာသင်ကျောင်းသို့လာရောက်သည့်ကျောင်းသူတစ်ဦးနှင့် ကျောင်းအဝင်ဂိတ်တွင်စောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားရာအနီးအနားသို့ လုံခြုံရေးတင်းကျပ် စစ်ဆေးမှုများရှိခဲ့သည်။

ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...
(DMG) နှစ်နိုင်ငံ ကုန်သွယ်မှုပြုလုပ်နေသော မောင်တော ကညင်ချောင်း စီးပွားရေးဇုန် နေရာ
August 11, 2026
ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်မှုများ ရှိနေသော်လည်း အခွန်နှုန်းထား...